နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘာသာရေး ဆရာများကို ပစ်မှတ်ထား၍ ညှဉ်းပန်း နှိပ်စက် နေသည်ဟု ဒေသခံများ ပြော



Rohingya Eye
RB News
15.10.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထား၍ ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

အောက်တိုဘာလ (၁၁) ရက်နေ့ ညနေ ၅ နာရီအချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ လှဘော်ငါး ကျေးရွာ (ဘောက်ခ်ရှု ဖာရာ) မှ မာမတ်ဇူဘိုင်ရ် (ဘ) ဦးအာဒူဟာလဲခ် (အသက် ၂၄ နှစ်) သည် ကျီးကန်းပြင် ကျေးရွာရှိ ယောက္ခမအိမ်မှ ပြန်လာနေစဉ် ဇင်ပိုင်ညှာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ဖမ်းဆီး၍ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မာမတ်ဇူဘိုင်ရ်၏ ဦးလေးဖြစ်သူက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များကို တောင်းပန်၍ အသနားခံမှုကြောင့် ပြန်လည် လွတ်မြောက် လာခဲ့သော်လည်း ယခုအချိန်ထိ စကားပင် မပြောနိုင်အောင် ပြင်းထန်သော ဒဏ်ရာများ၏ ဝေဒနာများ ခံစားနေရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

၎င်းကို ဖမ်းဆီး၍ ညှဉ်းပန်း နှိပ်စက်ရခြင်းမှာ မုတ်ဆိတ်ရှိ၍ ဘာသာရေး (မော်လ၀ီ) ဟုယူဆပြီး ယခုကဲ့သို့ ဖမ်းဆီး ညှဉ်းပန်းနှိပ်စက် ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဘာသာရေး ဆရာ (မော်လ၀ီ) များကို အဓိက ပစ်မှတ်ထားပြီး ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus