နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားမ၀င် ဆေးရောင်း ၀ယ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ဆေးဆိုင် ပိုင်ရှင် တစ်ဦးကို ဖမ်းဆီးထား



MYARF
RB News
29.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ သင်္ဘောကွေး ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲများသည် ဘင်္ဘောကွေးဈေးမှ ဆေးဆိုင် ပိုင်ရှင် တစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောကွေး ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် များသည် နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် ဘင်္ဘောကွေး ဈေးရှိ ဦးဟုစ်နီမူ ကမာလ် (ဘ) ဦးအေနာမူလ္လာ (အသက် ၂၅ နှစ်) ၏ ဆေးဆိုင်သို့ သွားရောက်၍ တရားမ၀င် ဆေးများ ရောင်းဝယ် ဖောက်ကား နေသည်ဟု စွပ်စွဲ၍ ဆိုင်ထဲရှိ ဆေးများ အားလုံးကို စစ်ဆေးခဲ့သည်။ ဆိုင်ထဲတွင် တရားမ၀င်သည် ဆေးမတွေ့ရှိသော်လည်း ဆိုင်ပိုင်ရှင် ဖြစ်သူကို ဖမ်းဆီးသွားပြီး ယခု အချိန်ထိ ပြန်လည် လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဆေးဆိုင် ပိုင်ရှင်သည် သက်ဆိုင်ရာမှ တရားဝင် လိုင်စင်ဖြင့် ဆိုင်ဖွင့်လှစ် ရောင်းချနေသူ တစ်ဦး ဖြစ်သော်လည်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ရန် ဖမ်းဆီးခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် မောင်တော ခရိုင် အတွင်းတွင် လိုင်စင်ရ သောင်းကျန်းသူများ ပမာ သောင်းကျန်းလျက် ရှိပြီး၊ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို နေ့စဉ် ရက်ဆက် ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus