နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီရားတန်း ရွာထဲသို့ အာဏာပိုင် များနှင့် ရခိုင်များ ၀င်ရောက် လုယက်၊ ဖျက်ဆီးပြီး (၄) ဦးဖမ်းဆီးသွား



MYARF & Rohingya Eye
RB News
30.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာသို့ နယ်ခြားစောင့် ရဲကွပ်ကဲရေး အဖွဲ့၊ စစ်တပ်၊ ကိုင်းကြီး န.တ.လ ရခိုင်ရွာနှင့် အခြားသော ရခိုင်ရွာ များမှ ဦးမောင်စိန်လှ၊ ဦးအောင်ဇံဖြူနှင့် ဦးဘာဂျာ တို့နှင့် ရခိုင် လူငယ်များ အပါအ၀င် အင်အား (၃၀၀) ကျော်ခန့် ၀င်ရောက်၍ အိမ်အသုံး အဆောင် ပစ္စည်းများ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ် ခဲ့သည့် အပြင် အပြစ်မဲ့ ဒေသခံ (၄) ဦးကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၃၀) ရက်နေ့ နံနက် ၁၂း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲကွပ်ကဲရေး အဖွဲ့၊ စစ်တပ်နှင့် ကိုင်းကြီးနှင့် ရခိုင်ရွာများမှ ဦးမောင်စိန်လှ၊ ဦးအောင်ဇံဖြူ၊ ဦးဘာဂျာ တို့နှင့် ရခိုင်လူငယ်များ အပါအ၀င် အင်အား (၃၀၀) ကျော်ခန့် တို့သည် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ရွာသို့ ၀င်ရောက်၍ နံနက် ၃း၃၀ နာရီ အချိန်ထိ လိုင်စင်ရ သောင်းကျန်းသူများ ကဲ့သို့ စိတ်တိုင်းကျ လုယက်ခြင်း၊ ဖျက်ဆီးခြင်းများ အပြင် အပြစ်မဲ့ ဒေသခံ (၄) ဦးကိုလည်း ဖမ်းဆီး သွားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ညနေပိုင်း အချိန်မှစ၍ ညပိုင်းတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ် ခဲ့သောကြောင့် ရွာရှိ အမျိုးသား အများစုမှာ နေအိမ်များတွင် မအိပ်ကြတော့ဘဲ တိမ်းရှောင် နေခဲ့ကြသည်။ လက်နက်ကိုင် အာဏာပိုင် များနှင့် ရခိုင်များသည် နေအိမ် (၁၄) အိမ် အတွင်းသို့ ၀င်ရောက်၍ အိမ်အသုံး အဆောင် ပစ္စည်းများ ဖျက်ဆီးခြင်းနှင့် လုယက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အိမ်အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီး၊ လုယက်ခံရသည့် အိမ်အချို့၏ အိမ်ထောင် ဦးစီး အမည်များမှာ --

(၁) ဦးနူရ်မာမတ် (ဘ) ဦးဓေါ်လီရာမန် (အသက် ၆၀ နှစ်)
(၂) ဦးအဒူဆလာမ် (ဘ) ဦးအော်ဆီရာမန် (အသက် ၅၂ နှစ်)
(၃) ဦးနူရ်မာမတ် (ဘ) ဦးအဒူဆူဗာန် (အသက် ၅၈ နှစ်)
(၄) ဦးဇော်ဟိရ်အာမတ် (ဘ) ဦးဘာသာမျာ (အသက် ၅၂ နှစ်)
(၅) ဦးဇော်လာလ် (ဘ) ဦးကုလ္လာမျာ (အသက် ၅၅ နှစ်)
(၆) ဦးမျာဟူဆောင်း (ဘ) ဦးအာယုဖ်အလီ (အသက် ၇၀ နှစ်)
(၇) ဦးနူရ်မာမတ် (ဘ) ဦးဟာလူ (အသက် ၅၀ နှစ်)
(၈) ဟာဖီးဇ် ဦးရော်ဟီမူလ္လာ (ဘ) ဦးအော်ဆီရာမန် (အသက် ၄၅ နှစ်)
(၉) ဦးဆုလ်တာန်အာမတ် (ဘ) ဦးလာလူး (အသက် ၆၅ နှစ်)
(၁၀) ဦးမာမတ်ရော်ရှိတ် (ဘ) ဦးဟာလာမျာ (အသက် ၄၅ နှစ်) -- တို့ဖြစ်ပါသည်။

ဖမ်းဆီးခံရသူ (၄) ဦးမှာ --

(၁) မာမတ်ရီဇူဝါန် (ဘ) ဦးနူရူလ်အာမီးန် (၆ တန်း ကျောင်းသား)
(၂) မာမတ်ဇူဘိုက်ရ် (ဘ) ဦးဒိလ်မိုဟာမတ် (၆ တန်း ကျောင်းသား)
(၃) နူရူလ်ဟောက်ခ် (ဘ) ဦးဇော်လာလ် (အသက် ၁၅ နှစ်)
(၄) ဦးဇူဟူရ်အာလမ် (ဘ) ဦးဘော်ဒီအာလမ် (အသက် ၄၂ နှစ်) -- တို့ ဖြစ်သည်။

ဖမ်းဆီးသွားသူ များကို မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို မသိရှိရ သေးသောကြောင့် မိသားစုဝင်များက စိုးရိမ် ပူပန် လျက်ရှိကြသည်။

တဖန် နေ့လည် (၁) နာရီ အချိန်တွင်လည်း စစ်သား (၁၂) ဦး ရွာထဲသို့ ၀င်ရောက်လာပြီး သောင်းကျန်း ခဲ့ကြောင်း ဒေသခံ များက ပြောပါသည်။ ဦးဟဲဖ်ဇူရာမန် (ဘ) ဦးနော်ဇိရ် အာမတ်၏ နေအိမ်မှ အိမ်မွေး ဆိတ်တစ်ကောင်၊ ဦးဖော်ကိရ် အာမတ် (ဘ) ဦးရှုကူရ် (အသက် ၆၀ နှစ်) ၏ နေအိမ်မှ ဆိုလာပြား တစ်ချပ်ကို ဖျက်ဆီး၍ ဘက်ထရီ တစ်လုံး လုယက် သွားကြောင်း သိရှိရပါသည်။ ထို့အပြင် ဦးဆုလ်တာန် အာမတ် (ဘ) ဦးအော်လီအာမတ် (အသက် ၅၅ နှစ်) နှင့် ဦးအိဒိရိစ် (ဘ) ဦးမော်ဇူလ်အာမတ် (အသက် ၄၅ နှစ်) တို့၏ နေအိမ်များ ထဲသို့ ၀င်ရောက် ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

လက်နက်ကိုင် အာဏာပိုင်များနှင့် ရခိုင်များ ယခုကဲ့သို့ ၀င်ရောက်၍ သောင်းကျန်း၊ ဖျက်ဆီး၊ လုယက်၊ ဖမ်းဆီး ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ အာဏာပိုင်များနှင့် လူကုန်ကူးသူများ ပေါင်း၍ ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် ငါးဖမ်း စက်လှေများ ပေါ်တွင် တင်ရန် လူများ လိုအပ်နေသဖြင့် ယခုကဲ့သို့ ဖိနှိပ်မှုများ ပြုလုပ်လျှင် မခံမရပ်နိုင်ဘဲ မလေးရှား နိုင်ငံသို့ ထွက်ခွာသွားမည် ဖြစ်သောကြောင့် ရက်စက်မှု ပေါင်းစုံ ပြုလုပ် နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus