နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများက လမ်းသွားလမ်းလာ များကို နည်းမျိုးဖြင့် နှောက်ယှက်လျက်ရှိ



MYARF
RB News
1.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ဘင်္ဘောကွေးနှင့် ကျောက်ပန္ဒူ ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများသည် ဒေသခံ ရိုဟင်ဂျာ လမ်းသွား လမ်းလာများကို နည်းမျိုးစုံဖြင့် အနှောက် အယှက် ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေးနှင့် ကျောက်ပန္ဒူ ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများသည် နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ဆိုင်ကယ်ဖြင့် စခန်းရှေ့မှ ဖြတ်၍ သွားနေသည့် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ ရွာကြီး ကျေးရွာမှ အူဘိုက်ဒူရာမန် (ဘ) ဦးဒိလ်မာမတ် (အသက် ၂၈ နှစ်) နှင့် မိုဟာမတ် ရော်ဖိတ် (အသက် ၂၂ နှစ်) တို့ကို ရပ်ခိုင်း၍ ဆိုင်ကယ် လိုင်စင် စစ်ဆေးပြီးနောက် စည်းကမ်းမဲ့ ဆိုင်ကယ် မောင်းနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ အပြစ်မဲ့ ဆိုင်ကယ် သမား နှစ်ဦးကို စခန်းတွင် ညနေ ၅ နာရီထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကင်းစခန်းရှိ ရဲများနှင့် အလားတူ ဘဂုံးနားရှိ ကင်းစခန်း၊ နူရူလ္လာရှိ ကင်းစခန်း၊ ဂေါ်ဒူသာရရှိ ကင်းစခန်း၊ ဇော်မတက်ရှိ ကင်းစခန်းနှင့် အလယ်သံကျော် သွားလမ်း တလျှောက်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းများမှ ရဲများသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ စစ်ဆေးခြင်း၊ အမျိုးသမီး များကို ဘင်္ဂလားဖုန်း စစ်ဆေးသည်ဟု ဆိုကာ ကာအိနြေ္ဒပျက်ပြား စေသည့်အထိ ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်း၊ ကားများအား တား၍ မတရားသဖြင့် ငွေကောက်ခံခြင်း များကို လိုင်စင်ရ ဓါးပြများ ကဲ့သို့ ပြုလုပ်လျက် ရှိသောကြောင့် ဒေသခံ ရိုဟင်ဂျာများ သွားလာရန်ပင် အခက်အခဲ ကြုံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus