နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗိုလ်မှူး ထွန်းလှိုင်ဇော်က အပြစ်မဲ့ ဒေသခံ နှစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ညှစ်



MYARF
RB News
1.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ထံမှ ငွေကျပ် ၁၀ သိန်း ညှစ်ယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း၊ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ (၇) ယောက် အဖွဲ့ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေသည့် ဗိုလ်မှူး ထွန်းလှိုင်ဇော်နှင့် အဖွဲ့သည် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ဦးကာလာဖူတူး (ဘ) ဦးရှော်ဖိတ် ထံမှ ငွေကျပ် (၄) သိန်းကို အကြောင်းမဲ့ ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ ယင်းနေ့ ညနေပိုင်းတွင် ဦးဆလင်းမူလ္လာ (ဘ) ဦးဟာဆောန်၏ နေအိမ်သို့ ၀င်ရောက်၍ ဦးဆလင်းမူလ္လာကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ရန် ရှာဖွေရာ မတွေ့ရှိ သဖြင့် ဦးဆလင်းမူလ္လာ၏ ဖခင်ကို ဖခင်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးဆလင်းမူလ္လာ၏ ဖခင်ကို ဒီဇင်ဘာလ (၁) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် (၆) သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် အပြစ်မဲ့ ရိုဟင်ဂျာ (၃) ဦးကို လွန်ခဲ့သည့်လက သတ်ဖြတ်ခဲ့ပြီးနောက် လစဉ် လစာ ၅ သောင်း တိုးရသည်ဟု ကြွေးကြော်၍ လိုင်စင်ရ လူသတ် သမား တစ်ဦးကဲ့သို့ ဥပဒေမဲ့ သောင်းကျန်း လျက်ရှိသော်လည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဟန့်တား အရေးယူခြင်း မရှိသည်ကို တွေ့ရှိ ရပါသည်။

Comment ရေးရန်

Rohingya Exodus