နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ နယ်ခြားစောင့် ရဲများက ဘင်္ဂလား များထံမှ ငါးလုယက်၊ အပြစ်မဲ့ ဒေသခံ ၂ ဦးကို ဖမ်းဆီး



MYARF
RB News
12.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များသည် မြန်မာ - ဘင်္ဂလား ဒေ့ရှ် နယ်စပ်တွင် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမားများ ထံမှ ငါးများ လုယက်ပြီးနောက် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦးကို ဖမ်းဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကွမ်းသီးပင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကိုကိုနှင့် ရဲတပ်ဖွဲ့ဝင် (၄) ဦးတို့သည် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ် နတ်မြစ် ထိပ်ဖျားပိုင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက် အပိုင်းတွင် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ငါးဖမ်းသမား များထံမှ ငါးများ လုယက်ခဲ့ရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ တို့ကြား ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ပြီး၊ မြန်မာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ခေါင်းကွဲ သွားခဲ့ကြောင်း သိရှိရပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ သေနတ် တစ်လက်လည်း နတ်မြစ်ထဲသို့ ကျသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ ထံမှ ငါးများ ဓါးပြတိုက်၊ ပြဿနာ ဖြစ်ပွားနောက် ၎င်းတို့၏ စခန်းသို့ ပြန်လာ နေစဉ် စခန်း၏ မနီးမဝေးတွင် ငါးဖမ်းနေသည့် တောင်ပြို လက်ဝဲ မြို့နယ်ခွဲမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ နှစ်ဦး ဖြစ်သည့် ဦးရှော်ဖိတ် (ဘ) ဟာဖီးဇ် အာမတ်နှင့် ဦးမာမတ်ဟူဆောင်း (ဘ) ဦးဇာဟိတ်ဟူဆောင်း တို့ကို အကြောင်းမဲ့ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ကွမ်းသီးပင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ချုပ်နှောင် ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus