နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗုဒ္ဓဘား ဖမ်းဆီးခံ နယူးဇီလန် နိုင်ငံသား အမှု လိုက်ရန် ရှေ့နေများ ငြင်းပယ်

13.12.2014



ရန်ကုန်တိုင်း ဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား လမ်းမှာ ဖွင့်လှစ် ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲ ကြော်ငြာကြောင့် သာသနာ ညှိုးနွမ်း စေမှုနဲ့ တရားစွဲဆို ခံထားရတဲ့ နယူးဇီလန် နိုင်ငံသား Mr. Philip အတွက် ကမ်းလှမ်း ခဲ့တဲ့ ရှေ့နေ ၄ ဦး အမှုလိုက်ဖို့ ငြင်းဆို ခဲ့ပါတယ်။

ဒီအမှုဟာ အရမ်းကို ထိခိုက်မခံတဲ့ ကိစ္စ ဖြစ်တာကြောင့် အခုလို ငြင်းပယ် ခဲ့တာ ဖြစ်တယ်လို့ ဖိလစ် မိသားစုနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

ရန်ကုန်မှာ ရှိတဲ့ ထင်ရှားတဲ့ ရှေ့နေ တဦးကို ချဉ်းကပ် ခဲ့ရာမှာ ကနဦး လက်ခံထား ခဲ့ပေမယ့် နောက်ပိုင်း မှာတော့ အမှုကို လိုက်ဖို့ ငြင်းဆန် ခဲ့တယ်လို့ သူက ပြောပါတယ်။

“ကြာသပတေးနေ့ ညမှာ အမှုလိုက်ဖို့ ရှေ့နေက သဘောတူ ခဲ့ပါတယ်၊ ဒါပေမယ့် သောကြာနေ့ မနက် မှာတော့ အရေးပေါ် တွေ့ဖို့ ခေါ်ပါတယ်။ အရမ်းကို ထိခိုက်လွယ်တဲ့ ကိစ္စဖြစ်တဲ့ အတွက် မပါသင့်ဘူးလို့ ရဲက ပြောတဲ့ အတွက် အမှုကို မလိုက်နိုင်တဲ့ အကြောင်း သူက ပြောပါတယ်” လို့ ဖိလစ် မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဒီမတိုင်ခင် ကလည်း ရှေ့နေ ၃ ဦးက အမှုလိုက်ဖို့ ငြင်းဆန် ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အသက် ၃၂ နှစ် ဖိလစ်ကို အင်းစိန်ထောင်မှာ ထိန်းသိမ်း ထားပြီး တခြား ထိန်းသိမ်း ထားတဲ့ ဆိုင်ပိုင်ရှင် ထွန်းသူရိန်၊ မန်နေဂျာ ထွဋ်ကိုကိုလွင် တို့နဲ့ သီးသန့် ထားထား သလို တဦးတယောက်နဲ့မှ တွေ့ခွင့် မပေးဘူး လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား လမ်းမှာ ဖွင့်လှစ် ထားတဲ့ V Grastro.bar, Buddha.bar ပါတီပွဲ ကြော်ငြာမှာ ဗုဒ္ဓ ရုပ်ပွားတော်ရဲ့နားတော်မှာ နားကျပ် တပ်ဆင် ထားတဲ့ သဏ္ဌာန် ဒီဇိုင်း ပြုလုပ်ပြီး ပါတီပွဲ ကြော်ငြာတဲ့ အတွက် သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထားပါတယ်။

Comment ရေးရန်

Rohingya Exodus