နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘင်္ဘောကွေး ကျေးရွာ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက ငွေညှစ်



MYARF
RB News
25.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဘင်္ဘောကွေး ကျေးရွာ အုပ်စု တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ဒေသခံများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂၀) ရက်နေ့ ညနေပိုင်း အချိန်တွင် မောင်တောမြို့နယ် ဘင်္ဘောကွေး ကျေးရွာ အုပ်စု တံတား ကင်းစခန်းတွင် တာဝန်ကျ နေသော နယ်ခြားစောင့် ရဲများသည် ဦးကာလာမ် (ဘ) ဦးရှုနာအလီ (အသက် ၃၅ နှစ်) ၏ နေအိမ်ကို ၀င်ရောက် စစ်ဆေးခဲ့သည်။ ဦးကာလာမ်၏ နေအိမ်တွင် ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ဦးကာလာမ်ကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ချုပ်နှောင် ထားခဲ့သည်။ နောက်ဆုံးတွင် ဦးကာလာမ်ကို တရားမ၀င် လက်ထပ် ပေါင်းသင်း နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၁၇၀၀၀၀/- ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၂၃) ရက်နေ့ကလည်း ငါးဖမ်း လှေပိုင်ရှင် များဖြစ်သော ဦးမာမတ်ဆော်လာမ် (ဘ) ဦးအဒူလာမီးန် (အသက် ၃၅ နှစ်) နှင့် ဦးနူရ်အာလမ် (ဘ) ဦးအဒူဆော်လမ် (အသက် ၃၇ နှစ်) တို့သည် ငါးဖမ်းပြီး ပြန်လာစဉ် ငါးများများ ဖမ်းနိုင်ခဲ့သည်ဟု ဆိုကာ အဆိုပါ နယ်ခြားစောင့် ရဲများက ငွေကျပ် ၂၅၀၀၀၀/- အကြောင်းမဲ့ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ရော်ဟီမူလ္လာ (ဘ) ဦးဆီရာဇူ (အသက် ၂၃ နှစ်) ကိုလည်း မလေးရှားသို့ လူကုန်ကူး နေသူများ၏ ပွဲစား လုပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲများ ငွေညှစ်နိုင်ရန် အတွက် ဘင်္ဘောကွေး ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆယာဒ်ဟူစိန်းနှင့် အုပ်ချုပ်ရေးမှူး၏ ဖခင် ဖြစ်သူ ဦးနေဇာမ် (ဘ) ဦးအဇူလ်ဟူစိန်းနှင့် ဆယ်အိမ်မှူး ဦးဖွေယာဇူ (ဘ) ဦးနာဇိရ် တို့က ကူညီပံ့ပိုးမှုများ ပြုလုပ်ကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus