နောက်ဆုံးသတင်း/ဆောင်းပါးများ

ငါးဖမ်း စက်လှေများ ငါးဖမ်းရန် တစ်ကြိမ် ထွက်လျှင် နှစ်သောင်း ပေးရမည်ဟု နယ်ခြားစောင့် ရဲများ တောင်း




MYARF
RB News
7.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ သ၀င်ချောင်း ကျေးရွာမှ ငါးဖမ်း စက်လှေ ပိုင်ရှင်များကို ငါးဖမ်းရန် တစ်ကြိမ် ထွက်လျှင် ငွေကျပ် နှစ်သောင်း ပေးရမည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့က တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာ အခြေစိုက် အမှတ် (၈) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူး မြင့်အောင်က သ၀င်ချောင်း ကျေးရွာမှ ငါးဖမ်း စက်လှေ ပိုင်ရှင်များကို ခေါ်၍ ငွေကျပ် ၁၅၀၀၀/- စီယူပြီး တရားဝင် ငါးဖမ်း လိုင်စင် စာအုပ်များကို ယခင်က ထုတ်ပေးခဲ့သည်။ လိုင်စင် သက်တမ်းမှာ တစ်လ ဖြစ်ပြီး၊ သက်တမ်းတိုးပါက တစ်လလျှင် ငွေကျပ် တစ်သောင်းစီ ထပ်မံ ပေးရန် ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

သို့သော်လည်း ဒီဇင်ဘာလ (၂) ရက်နေ့မှ စ၍ သ၀င်ချောင်း တံတားရှိ ကင်းစခန်း တာဝန်ခံ ရဲအုပ် လှိုင်ထွန်းအောင်က စက်လှေ ပိုင်ရှင်များကို ခေါ်ယူ၍ စက်လှေဖြင့် ငါးဖမ်း ထွက်မည် ဆိုပါက တစ်ကြိမ်လျှင် ငွေကျပ် နှစ်သောင်း ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။ ရဲအုပ် လှိုင်ထွန်းအောင်က အမှတ် (၈) နယ်မြေ ရဲတပ်ရင်း တပ်ရင်းမှူးနှင့် ရဲမှူး မြင့်အောင် တို့၏ အမိန့်အရ ယခုကဲ့သို့ တောင်းရခြင်း ဖြစ်သည်ဟု ဆိုကြောင်း ဒေသခံများက ပြောပါသည်။

ငါးဖမ်း စက်လှေများသည် တစ်လလျှင် သုံးကြိမ်မှ လေးကြိမ် အထိ ငါးဖမ်းထွက်မှသာ ၎င်းတို့၏ စားဝတ် နေရေး ပြေလည်အောင် ၀င်ငွေရှာနိုင်လျက် ရှိခဲ့ရာ၊ ယခုအခါ တစ်ကြိမ်လျှင် ငွေကျပ် နှစ်သောင်း ပေးရမည် ဆိုပါက ရသည့် ၀င်ငွေဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို လုပ်ကျွေး ပြုစု နေသလိုသာ ဖြစ်မည် ဖြစ်ပြီး၊ ၎င်းတို့၏ စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus