နောက်ဆုံးသတင်း/ဆောင်းပါးများ

ကင်းစောင့် နေသူ (၉) ဦးကို နယ်ခြားစောင့် ရဲများက ရိုက်နှက်၍ ငွေညှစ်



RB News
5.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သပြေတော ကျေးရွာတွင် ကင်းစောင့် နေသည့် ဒေသခံ ရိုဟင်ဂျာ (၉) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၄) ရက်နေ့ ညသန်းခေါင်ယံ (၁၂) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း သပြေတော ကျေးရွာသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီး ကင်းစောင့် နေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသား (၉) ဦးကို အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် ၃၀၀၀/- စီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရိုက်နှက်ခံရပြီး ငွေကျပ် ၃၀၀၀/- စီညှစ်ခံရသူများမှာ --

(၁) ဆော်လီမူလ္လာ (ဘ) ဦးဇော်ဖော်ရ် (အသက် ၁၇ နှစ်)
(၂) အုစ်မာန် (ဘ) ဦးဇော်ဖော်ရ် (အသက် ၂၄ နှစ်)
(၃) ဦးရှော်ဘီရာန် (ဘ) ဦးဝါဒါရာစ် (အသက် ၃၈ နှစ်)
(၄) ဦးနီယာမော်တူလ္လာ (ဘ) ဦးဝါဒါရာစ် (အသက် ၃၅ နှစ်)
(၅) ဟိုက်ရိုတူလ္လာ (ဘ) ဦးဝါဒါရာစ် (အသက် ၂၇ နှစ်)
(၆) ဦးအဒူရှကူရ် (ဘ) ဦးဘိုက်လာ (အသက် ၃၉ နှစ်)
(၇) ဦးဇော်ဟော်ရီ (ဘ) ဦးကာလာဆန် (အသက် ၄၈ နှစ်)
(၈) မာမတ်ဇူဟာရ် (ဘ) ဦးနူရ်မာမတ် (အသက် ၁၆ နှစ်)
(၉) ဦးဒိုလိုဆောင် (ဘ) ဦးအဒူဟာဖီးဇ် (အသက် ၃၅ နှစ်) -- တို့ဖြစ်ပါသည်။

ရွာများရှိ လုံခြုံရေး တာဝန်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က တာဝန်ယူ ရမည် ဖြစ်သော်လည်း၊ ဒေသဆိုင်ရာ အာဏာပိုင်များက ရွာသားများကို ရွာစဉ် ကင်းစောင့်ခိုင်းလျက် ရှိရာ၊ အာဏာပိုင်များ၏ အမိန့် အတိုင်း ညစဉ် ညတိုင်း ကင်းစောင့်လျက် ရှိသော်လည်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များနှင့် စစ်သားများသည် ရွာများ အတွင်းသို့ ညအချိန်မတော် ၀င်ရောက်၍ ကင်းစောင့်သူ များကို ရိုက်နှက်၍ ငွေညှစ်ခြင်းများကို မကြာခဏ ပြုလုပ်လျက် ရှိသည်။

Comment ရေးရန်

Rohingya Exodus