နောက်ဆုံးသတင်း/ဆောင်းပါးများ

တိုက်ကြက် ပျောက်သည်ဟု ဆိုကာ အမျိုးသမီး (၇) ဦးကို ဖမ်းဆီး ထိပ်တုံးခတ်၍ လျော်ကြေးယူ



Rohingya Eye
RB News
1.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနားခွဆုံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲများသည် ၎င်းတို့ စခန်းမှ တိုက်ကြက် တစ်ကောင် ပျောက်သည်ဟု ဆိုကာ အမျိုးသမီး (၇) ဦးကို ဖမ်းဆီး၍ ထိပ်တုံးခတ် ထားပြီး ကြက် (၇) ကောင် လျော်ကြေး အဖြစ် ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၇) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း သစ်တောနားခွဆုံ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲများသည် ၎င်းတို့ စခန်းမှ တိုက်ကြက် တစ်ကောက် ပျောက်သည်ဟု ဆိုကာ စခန်း၏ အနီးအနားရှိ အိမ်များမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး (၇) ဦးကို ဖမ်းဆီးကာ နံနက် (၈) နာရီမှ ညနေ (၅) နာရီထိ ထိပ်တုံးခတ် ထားခဲ့ပြီး၊ ငွေကျပ် ၈၀၀၀/- ကျော်စီ တန်ဖိုးရှိသည့် ကြက် (၇) ကောင်ကို လျော်ကြေး အဖြစ် ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မတရားသဖြင့် ဖမ်းဆီးခံရပြီး၊ ထိပ်တုံးခတ်ခံရ၊ လျော်ကြေး ပေးရသည့် အမျိုးသမီး များသည် နယ်ခြားစောင့် ရဲများ ပျောက်ဆုံး သွားသည်ဟု ဆိုသော တိုက်ကြက်ကို မြင်ဖူးခြင်းပင် မရှိဘဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ အနိုင်ကျင့် ဗိုလ်ကျခြင်းကို ခံလိုက်ရခြင်းသာ ဖြစ်သည်။

ထိပ်တုံးခတ် ခံရပြီး၊ လျော်ကြေး ပေးရသည့် အမျိုးသမီး (၇) ဦးမှာ --

(၁) ဒေါ်အာဆီယာခါတူ (ဘ) ဦးအလီဟူစိန်း (အသက် ၅၅ နှစ်)
(၂) ဒေါ်ဆာဘဲရ်ကူန်နာဟာရ် (ဘ) ဦးမောခ်တူလ်ဟူဆောင်း (အသက် ၄၅ နှစ်)
(၃) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးဆွေယောဒူရာမန် (အသက် ၂၁ နှစ်)
(၄) ဒေါ်အာရော်ဖာခါတူ (ဘ) ဦးဆုလ်တာန် (အသက် ၃၀ နှစ်)
(၅) ဒေါ်မူစ်တာဖာခါတူ (ဘ) ဦးအာဘူလ်ဟူစိန်း (အသက် ၄၈ နှစ်)
(၆) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးမာမူဒူရာမန် (အသက် ၂၂ နှစ်)
(၇) ဒေါ်ဂူလ်ဘာဟာရ် (ဘ) ဦးရှာမူလုခ် (အသက် ၆၆ နှစ်) -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus