နောက်ဆုံးသတင်း/ဆောင်းပါးများ

အလယ်သံကျော်မှ စ.ရ.ဖ များက ဒေသခံများကို ခြိမ်းခြောက်၍ ငွေညှစ်



Rohingya Eye
RB News
6.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အခြေစိုက် စ.ရ.ဖ (စစ်ဖက် ရေးရာ လုံခြုံရေး) အဖွဲ့က ဒေသခံ ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၄) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ ဈေးမှ အထည်ဆိုင် ပိုင်ရှင်များ ဖြစ်သော အလယ်သံကျော် ကျေးရွာမှ ဒေသခံ မော်လ၀ီ အဒူမူနာဖ် (ဘ) ဦးအော်လီ (အသက် ၃၅ နှစ်)၊ ကံပူးကျေးရွာမှ ဒေသခံ မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးဟာဘီရောန် (အသက် ၃၀ နှစ်) နှင့် အလယ်သံကျော် ဈေးတွင် ဈေးဝယ်ရန် လာသည့် မော်လ၀ီ အဒူလ်မူဘီးန် (ဘ) ဦးဆွေယာဒ်ကာဆိမ်း (အသက် ၂၀) နှစ်တို့ကို စ.ရ.ဖ အဖွဲ့က ၎င်းတို့၏ စခန်းသို့ ခေါ်ဆောင် သွားပြီး၊ စ.ရ.ဖ တာဝန်ခံက “မင်းတို့က ဘင်္ဂလီတွေ ဖြစ်တယ်။ ဒီနိုင်ငံသားတွေ မဟုတ်ဘူး၊ အဲဒီတော့ မင်းတို့ ဒီမှာ လုပ်ငန်းလုပ်ရင် ငါတို့ကို ငွေပေးရမယ်၊ ငွေမပေးရင် မီးရှို့တဲ့သူတွေ ဆိုပြီး ထောင်ချ ပစ်မယ်” ဟု ခြိမ်းခြောက် ပြောဆို၍ အပြစ်မဲ့ သုံးဦးထံမှ ငွေကျပ် ၃ သိန်းစီ - စုစုပေါင်း ၉ သိန်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မော်လ၀ီ အဒူလ်မူဘီးန်သည် အလယ်သံကျော် ဈေးတွင် ဈေးဝယ်ရန် လာစဉ် ဖခင်ဖြစ်သူသည် ငါးဖမ်း စက်လှေ ပိုင်ရှင် ဖြစ်သောကြောင့် လိုက်ခဲ့ရမည်ဟု ဆိုကာ စ.ရ.ဖ များက စခန်းသို့ ခေါ်သွားပြီး ငွေညှစ်ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

မောင်တော ခရိုင် အတွင်းရှိ အာဏာပိုင်များ အားလုံးသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိသော်လည်း၊ ပြည်ထောင်စု အစိုးရမှ ယခု အချိန်ထိ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိသည်မှာ ရိုဟင်ဂျာ များကို ညှဉ်းပန်း နှိပ်စက်ရန် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် မူဝါဒ ချမှတ် ထားသည့် အတွက် ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus