နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ ဆေးရုံတွင် နှစ်နှစ် အရွယ် ကလေးတစ်ဦး ဆရာဝန် ဆေးထိုး ပြီးနောက် သေဆုံး

ဧပြီ ၂၄၊ ၂၀၁၄ နေ့က ဒါးပိုင် ဆေးခန်း ရှေ့တွင် ရပ်နေသည့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး (ဓါတ်ပုံ - ရိုက်တာ / မင်းဇေယျဦး)


Saed Arkani
RB News
8.12.2014

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေ ပြည်သူ့ ဆေးရုံကြီးတွင် ဒါးပိုင် ဒုက္ခသည် စခန်းမှ နှစ်နှစ် အရွယ် ကလေးငယ် တစ်ဦးကို ဆရာဝန် ဆေးထိုးပြီးနောက် သေဆုံး သွားခဲ့ကြောင်း သတင်း ရရှိပါသည်။

စစ်တွေမြို့ ဒါးပိုင် ဒုက္ခသည် စခန်းမှ နှစ်နှစ် အရွယ် ကလေးငယ် တစ်ဦး ဖြစ်သူ တာရီခ်ဇီယာ (ဘ) ဦးဇီယာဘူ ရာမန် သည် ၀မ်းပျက် ၀မ်းလျှော ရောဂါ ခံစားနေ ရသဖြင့် မိဘများက ဒါးပိုင် ဆေးခန်းရှိ ဆရာဝန် ထံသို့ ဆေးကုသရန် ခေါ်ဆောင် သွားရာ ဆရာဝန်က စစ်တွေ ပြည်သူ့ ဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသမှု ခံယူရန် ညွန်ကြား ခဲ့သည်။ မိဘများက ဆရာဝန် ညွန်ကြားချက် အတိုင်း ဒီဇင်ဘာလ (၅) ရက်နေ့ နေ့လည် ၂း၃၀ နာရီ အချိန်တွင် စစ်တွေ ပြည်သူ့ ဆေးရုံကြီးသို့ ခေါ်ဆောင်၍ ဆေးကုသမှု ခံယူခဲ့သည်။

ဝမ်းပျက် ၀မ်းလျှော ဝေဒနာ ခံစားနေရသည့် နှစ်နှစ် အရွယ် ကလေးငယ်နှင့် အတူ မိခင် ဖြစ်သူ ဒေါ်အယ်လ်ကာမာက လူနာစောင့် အဖြစ် လိုက်ပါသွားခဲ့သည်။ ဆေးရုံတက်သည့် နေ့တွင် ဆရာဝန် များနှင့် သူနာပြုများက ကောင်းမွန်စွာ ဆေးကုသမှု ပေးခဲ့ပြီး၊ ကလေးငယ်၏ အခြေအနေမှာ ဝေဒနာ ပျောက်ကင်းသည့် အထိ ကောင်းမွန် လာခဲ့ကြောင်း သိရှိရပါသည်။ မိခင်ဖြစ်သူက နောက်နေ့တွင် ဆေးရုံကပင် ဆင်းနိုင်မည့် အခြေအနေတွင် ရှိနေသည်ဟု ယူဆခဲ့သည်။

သို့သော်လည်း ဒုတိယနေ့ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဆရာဝန် တစ်ဦး ရောက်ရှိလာပြီး ကလေးငယ်ကို ဆေးတစ်လုံး ထိုးပေး ခဲ့ပြီးနောက် ချက်ချင်း ဆိုသလို အသက်ရှုရပ်၍ သေဆုံး သွားခဲ့ကြောင်း အတူ လိုက်ပါသွားသည့် မိခင်က ပြောပါသည်။

ကလေးငယ်၏ ရုပ်အလောင်းနှင့် မိခင် ဖြစ်သူကို နှစ်နာရီ အကြာ ဒီဇင်ဘာလ (၆) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက စစ်တွေ ပြည်သူ့ ဆေးရုံကြီးမှ ဒါးပိုင် ဒုက္ခသည် စခန်းသို့ ပို့ဆောင် ခဲ့ကြောင်း သိရှိရပါသည်။

စစ်တွေ ပြည်သူ့ ဆေးရုံကြီးတွင် ယခင်က ကလေး မွေးရန် ဆေးရုံတက်သည့် ကိုယ်ဝန်ဆောင် မိခင် အများစုမှာ ဆရာဝန် ဆေးထိုးပြီးနောက် သေဆုံးခဲ့ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကို ရိုက်နှက်ခြင်းများ၊ ဝေဒနာသည် များကို ဆေးဝါးကုသမှု မပေးဘဲ ညှဉ်းပန်း နှိပ်စက်ခြင်း များကို နိုင်ငံတကာ အဖွဲ့အစည်းများက မှတ်တမ်း တင်ထားခြင်းများ ရှိခဲ့သည်။

Comment ရေးရန်

Rohingya Exodus