နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့မှ Memory Disk ရောင်းသူနှင့် ဖုန်းတွင် သီချင်း သွင်းသူ နှစ်ဦးကို မတရား သဖြင့် ဖမ်းဆီးထား



Rohingya Eye
RB News
5.12.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ လူငယ် တစ်ဦး၏ ဖုန်း Memory Disk မှ ရိုဟင်ဂျာ သီချင်းများ ရရှိသည်ကို အကြောင်းပြ၍ မောင်တောမြို့မှ Memory Disk ရောင်းသူနှင့် ဖုန်းတွင် သီချင်းသွင်းသူ နှစ်ဦးကို မတရားသဖြင့် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင်မြို့နယ်မှ ဒေသခံ ရိုဟင်ဂျာ လူငယ်တစ်ဦး၏ ဖုန်းထဲမှ External Memory Disk ကို ရဲများက စစ်ဆေးခဲ့ပြီး၊ ရိုဟင်ဂျာ သီချင်းများ ရရှိသည်ကို အကြောင်းပြ၍ ဖမ်းဆီး ခဲ့သည်။ ထို့နောက် ဖမ်းဆီးခံထား ရသည့် လူငယ်က ထွက်ဆိုသည့် အတိုင်း အဆိုပါ External Memory Disk ကို ၀ယ်ယူခဲ့သည့် ဆိုင်တည်ရှိရာ မောင်တောမြို့နယ် အမှတ် (၅) ရပ်ကွက်၊ ဇင်အောင် တည်းခိုခန်း အောက်ထပ်ရှိ ဦးဇီယာ (ဘ) ဦးဟာမိတ်ဟူစိန်း (အသက် ၃၀ နှစ်) ၏ အီလက်ထရွန်နစ် ဆိုင်သို့ ဒီဇင်ဘာလ (၂) ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်တွင် ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ်တစ်ဦး ရောက်ရှိလာပြီး ဆိုင်ရှင် ဖြစ်သူ ဦးဇီယာကို ဖမ်းဆီး၍ ဘူးသီးတောင် ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဦးဇီယာကို ဒီဇင်ဘာလ (၃) ရက်နေ့တွင် မောင်တော ရဲစခန်းသို့ ပြောင်းရွှေ့၍ ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

တစ်ဖန် ဒီဇင်ဘာလ (၃) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်တွင် မောင်တောမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ တေးသီချင်းများ သွင်းသည့် ဖုန်းဆိုင်မှ ဆိုင်ရှင် ကိုအာဘူ (ဘ) ဦးအီဆုပ် (အသက် ၂၆ နှစ်) ကို အဆိုပါ ရဲအုပ်ကပင် ဖမ်းဆီး၍ ဘူးသီးတောင် မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း သိရှိရပါသည်။

External Memory Disk များကို အစိုးရက တရားဝင် ရောင်းချခွင့် ပြုထားသောကြောင့် ဆိုင်တိုင်းတွင် ရောင်းချ နေသော်လည်း၊ မောင်တောခရိုင်ရှိ ဌာနဆိုင်ရာများ၊ ရဲများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရိုဟင်ဂျာ လူမျိုး တစ်မျိုးတည်းကိုသာ ပစ်မှတ်ထား၍ အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်ကာ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းများ နေ့စဉ် အဆက် မပြတ် ပြုလုပ်လျက် ရှိသည်။ နေ့စဉ် ညှဉ်းပန်း နှိပ်စက်မှုများနှင့် ပတ်သက်၍ နေပြည်တော်သို့ တိုင်ကြားစာ နေ့စဉ် ပို့လျက်ရှိသော်လည်း ပြည်ထောင်စု အစိုးရက တားဆီး ဟန့်တား အရေးယူခြင်း မရှိသည်ကို တွေ့ရှိရပါသည်။

Comment ရေးရန်

Rohingya Exodus