နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိုးရ မူဝါဒက ဒုက္ခသည် များကို ထပ်ပြီး ဖိနှိပ်နေတယ်လို့ ဝေဖန်



RFA မြန်မာပိုင်း
20.1.2015

ရခိုင်ပြည်နယ်က မွတ်ဆလင် လူနည်းစုတွေ အပေါ် အစိုးရက ချမှတ်ထားတဲ့ မူဝါဒ တွေဟာ လူမျိုးရေး ဘာသာရေးကြောင့် ဒုက္ခ ရောက်နေသူ တွေကို ထပ်ပြီး ဖိနှိပ် ကန့်သတ် နေတယ်လို့ အမေရိကန် အစိုးရ ဒုက္ခသည်များ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Anne Richard က ဝေဖန်လိုက်ပါတယ်။

ရခိုင်ပြည်နယ် ခရီးအပြီး အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက အခုလို ပြောကြား လိုက်တာ ဖြစ်ပြီး လက်ရှိ အခြေနေဟာ အလွန်တရာ ဖိနှိပ် ကန့်သတ် ထားရာ ရောက်နေကြောင်း၊ လူမှု အသိုင်းအဝိုင်း ၂ ဖက်စလုံး အဆက် အဆံ လုပ်နေတဲ့ နေရာ ဆိုလို့ တပြည်နယ်လုံးမှာ ဈေးတစ်ခုသာ ရှိကြောင်း၊ ကျန်နေရာတိုင်း မှာ ဘာသာရေး စည်းခြားပြီး ဆက်ဆံ နေထိုင် ကြတာ တွေ့ရကြောင်းလည်း Ms. Richard က ပြောသွားပါတယ်။

အရောင်း အဝယ် လုပ်ကြတဲ့ ဈေးမှာ ဘာသာ လူမျိုး မခွဲခြားဘဲ ဆက်ဆံ ကြတာ မျိုးကို မိမိတို့ တွေ့မြင် လိုတာ ဖြစ်ပေမဲ့ အခု လက်တွေ့ ဆောင်ရွက်ဖို့ မဖြစ်နိုင်ကြောင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ အစိုးရ မူဝါဒတွေက လူတွေကို အမှန် တကယ် ဖိနှိပ်ထား ကြောင်းလည်း ပြောကြား ပါတယ်။ ဒီအခြေနေဟာ ဗုဒ္ဓဘာသာ ရခိုင်တွေနဲ့ မွတ်စလင် ရိုဟင်ဂျာတွေ ၂ ဖက်စလုံးကို ထိခိုက် နစ်နာ စေတာ တွေ့ရတယ် လို့လည်း ဆိုပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့ ဆိုရင် ဒေသခံ အာဏာတွေ ဖြေရှင်းလို့ မရဘဲ နေပြည်တော်က ပြည်ထောင်စု ဗဟို အစိုးရ ကိုယ်တိုင် ဝင်ရောက် ဆောင်ရွက်မှ ဖြစ်နိုင်တယ် လို့လည်း အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Ms. Richard ဟာ ပြီးခဲ့တဲ့ စနေနေ့က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော မြို့နယ် တွေကို သွားရောက် ခဲ့တာ ဖြစ်ပြီး ခရီးစဉ် အပြီးမှာ တွေ့ရှိချက် တွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ အမေရိကန် လွှတ်တော်ကို တင်ပြမယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus