နောက်ဆုံးသတင်း/ဆောင်းပါးများ

အစ္စလာမ် ဘာသာဝင် ဖြစ်၍ အပြစ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြော



Rohingya Eye
RB News
1.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်း များမှ နယ်ခြားစောင့် ရဲများက ဒေသခံ ရိုဟင်ဂျာ များကို အစ္စလာမ် ဘာသာဝင် ဖြစ်၍ အပြစ်ရှိသည်ဟု ဆိုကာ ရိုက်နှက် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရသည်။

၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ မော်တူလာရွာမှ ကိုဆုလ်တာန် (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၂၅ နှစ်) သည် မောင်တောမြို့ပေါ်သို့ ဈေးဝယ်ရန် လာနေစဉ် ဒုချီးရားတန်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်း စခန်းမှ တာဝန်ခံ ဒုရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) က ၎င်းကို စစ်ဆေးရန် ခေါ်ပြီး၊ စစ်ဆေးခဲ့သည်။ ကိုဆုလ်တာန် ထံမှ ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ကိုဆုလ်တာန်၏ စီဒီအမ်အေဖုန်းကို ယူ၍ “မင်းတို့ ဘင်္ဂလီတွေက စီဒီအမ်အေ ဖုန်းကိုင်ဖို့ တန်တဲ့သူတွေ မဟုတ်ဘူး” ဆိုကာ လူမဆန်စွာ ရိုက်နှက်ပြီး တစ်နာရီကြာ ချုပ်နှောင် ထားပြီးနောက် ငွေကျပ် နှစ်သောင်း ငါးထောင် ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာရွာ၊ ဘဂုံးနားရွာနှင့် အခြားသော ရွာများရှိ နယ်ခြားစောင့် ရဲကင်းစခန်း များမှ ရဲများသည် ဈေးဝယ်ရန် သွားလာနေသည့် ဒေသခံ ရိုဟင်ဂျာများကို စစ်ဆေးပြီး ဥပဒေနဲ့ မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း အစ္စလာမ် ဘာသာဝင် ဖြစ်သည်က အပြစ်ဖြစ်သည်ဟု ဆိုကာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus