နောက်ဆုံးသတင်း/ဆောင်းပါးများ

အိမ်ရှေ့တွင် ရပ်စကား ပြောနေသူ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး​ ငွေညှစ်



MYARF
RB News
30.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းရဲ များသည် အိမ်ရှေ့ ကြမ်းပြင်ပေါ် ရပ်၍ စကားပြောနေသူ (၃) ဦးကို အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေညှစ်၍ ပြန်လွှတ် ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၉) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ မြို့မ ရဲစခန်းမှ နယ်ထိန်းရဲများသည် အမှတ် (၄) ရပ်ကွက် (ဟာလာရ်ဘာဘ် ဖာရာ) အတွင်းသို့ ၀င်ရောက်လာပြီး ကင်းလှည့်ရာ၊ အိမ်ရှေ့ ကြမ်းပြင်ပေါ် ရပ်၍ စကားပြောနေသူ ဒေသခံ (၃) ဦးကို “မင်းတို့ ဘာအကြောင်း ဆွေးနွေး နေတာလဲ” ဟု ဆိုကာ ဖမ်းဆီး၍ အမှတ် (၄) ရပ်ကွက်ရှိ ရဲကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသည့် အပြစ်မဲ့ ဒေသခံ (၃) ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူ၍ ည (၁၂) နာရီခန့် အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရပြီး ငွေကျပ် ငါးသောင်းစီ ညှစ်ခံရသူ (၃) ဦးမှာ --

(၁) မာမတ်ဆလာမ် (ဘ) ဦးဟာရှိမ်း (အသက် ၂၅ နှစ်)
(၂) ဇော်ကီရ်အာလမ် (ဘ) ဦးမာမတ်အာလမ် (ခ) ဦးအာန်ဂူလီ
(၃) စောဒူး (ဘ) ဦးဆီရာဇူလ်အစ္စလာမ် -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus