နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်ပန္ဒူမှ နယ်ခြားစောင့်ရဲများက အပြစ်မဲ့ (၃) ဦးကို ဖမ်းဆီး၍ ငွေညှစ်



MYARF
RB News
19.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၄) ဦးက အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဦးဆောင်သည့် နယ်ခြားစောင့်ရဲ (၄) ဦးသည် အဆိုပါ ကျေးရွာမှ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ ရွာသား (၃) ဦးကို တဖက်နိုင်ငံသို့ တရားမ၀င် လူပို့နေသည်ဟု လုပ်ကြံ စွပ်စွဲပြီး ဖမ်းဆီး ခေါ်ဆောင် သွားခဲံသည်။ ၎င်းတို့ (၃) ဦးကို ဇန်န၀ါရီ လ (၁၈) ရက်နေ့ ညနေ (၄) နာရီ အချိန်ထိ ချုပ်နှောင် ထားခဲ့ပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖမ်းဆီးခံရပြီး ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ခံရသူ (၃) ဦးမှာ --

(၁) အဒူရာမန် (ဘ) ဦးအာမတ်ဟူစိန်း (အသက် ၂၀ နှစ်)
(၂) ဦးကာလာ (ဘ) ဦးအစ္စလာမ် (အသက် ၃၅ နှစ်)
(၃) ဦးရော်ရှီဒုလ္လာ (ဘ) မော်လ၀ီ ဆော်လီမုလ္လာ (အသက် ၄၀ နှစ်) -- တို့ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည် (၁) နာရီ အချိန်တွင် ကျောက်ပန္ဒူ ကျေးရွာ အုပ်စု၊ စေတီရွာမှ ဆိုင်ကယ်စီး၍ သွားနေသည့် ဒေသခံ ရိုဟင်ဂျာ ရွာသား နှစ်ဦးကို ဒုရဲအုပ် ဖြစ်သူက “မင်းတို့ ကုလားတွေကို ဆိုင်ကယ်နဲ့ မမြင်ချင်ဘူး” ဟု ဆိုကာ ဆိုင်ကယ်သမား နှစ်ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေကျပ် တစ်သောင်းစီ ညှစ်ခံရသူ နှစ်ဦးမှာ --

(၁) ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဖော်ဇောလ်အာမတ်
(၂) ဦးရှောမ်ရှုအာလမ် (ဘ) ဦးဇော်လာလ် -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus