နောက်ဆုံးသတင်း/ဆောင်းပါးများ

ရေတွင်းပြင်တွင် ရဲကင်းစခန်း ဆောက်ရန် ဒေသခံများ ထံမှ ငွေကျပ် ၁၀ သိန်း ကောက်



RB News
4.1.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာတွင် နယ်ခြားစောင့် ရဲကင်းစခန်း ဆောက်ရန် အတွက် ပုဇွန်ကန် လုပ်ငန်း လုပ်ကိုင်သူ များထံမှ ငွေကျပ် ၁၀ သိန်း ကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၁၄ ဒီဇင်ဘာလ (၃၁) ရက်နေ့က မောင်တောမြို့နယ် ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုကွပ်ကဲရေးမှူးသည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ကျေးရွာသို့ ရောက်ရှိလာပြီး ဓါးပြရန် ကာကွယ်ရန် အတွက် ကင်းစခန်း တစ်ခု ဆောက်လုပ်ရမည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း ကောက်ခံ ပေးရန် ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေကို မှာကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကင်းစခန်းဆောက်ရန် နိုင်ငံတော် ဘဏ္ဍာမှ သုံးစွဲရမည် ဖြစ်သော်လည်း ဒေသတွင်း စီးပွားရေး မပြေမလည် ဖြစ်နေသည့် ဒေသခံများကို တမင် ၀န်ထိုးဝန်ပိုး ဖြစ်အောင် ပြုလုပ်နေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ငွေကျပ် ၁၀ သိန်းကို ပြူးမချောင်း အနီးတ၀ိုက်တွင် ပုဇွန်ကန် လုပ်ငန်းဖြင့် လုပ်ကိုင် စားသောက် အသက်မွေးဝမ်းကျောင်း ပြုနေသူများထံမှ ကောက်ခံခဲ့သည်ဟု ဆိုသည်။ ငွေပေးရသည့် ပုဇွန်ကန် ပိုင်ရှင်များမှာလည်း စီးပွားရေး ချောင်လည် နေသူများ မဟုတ်ကြောင်း သိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကလည်း ရေမြောင်း တံတားဆောက် ရမည်ဟုဆိုကာ ဆင်းရဲသည့် ဒေသခံ များထံ ငွေကျပ် ၃ သိန်း ကောက်ခံ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus