နောက်ဆုံးသတင်း/ဆောင်းပါးများ

လိပ်ရကျေးရွာ စစ်တပ်မှ ဗိုလ်ကြီးနှင့် ရဲဘော် (၆) ဦးက အမျိုးသမီး တစ်ဦးထံမှ ရွှေလုယက်၊ ငွေညှစ်



Rohingya Eye
RB News
23.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးသည် ဆွေမျိုးများ၏ အိမ်မှ လည်ပတ်ပြီး ပြန်လာနေစဉ် တပ်မတော်မှ ဗိုလ်ကြီးနှင့် ရဲဘော် (၆) ဦးတို့က လုယက်သည့် အပြင်၊ ပြန်လွှတ်ပေးရန် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရေတွင်းပြင် (ကွာရ်ဘီးလ်) ကျေးရွာမှ ဦးရှော်မ်ရှု၏ ဇနီးဖြစ်သူ ဒေါ်ဟာဆီနာ (အသက် ၃၅ နှစ်) သည် ဆွေမျိုးများ အိမ်သို့ အလည်အပတ် သွားပြီး ပြန်လာစဉ် လိပ်ရကျေးရွာ အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် ရဲဘော် (၆) ဦးတို့က ရပ်ခိုင်းပြီး စစ်ဆေးခဲ့သည်။ ထို့နောက် ဒေါ်ဟာဆီနာ ထံတွင် ပါသည့် မိုဘိုင်းဖုန်းနှင့် ငါးမူးသား ရွှေဆွဲကြိုးတို့ကို လုယက်ပြီး ဒေါ်ဟာဆီနာကို ထိန်းသိမ်း ထားခဲ့သည်။ ဒေါ်ဟာဆီနာ ထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူပြီး၊ မိုဘိုင်းဖုန်းကို ပြန်ပေးပြီး ပြန်လည် လွှတ်ပေး ခဲ့သော်လည်း ငါးမူးသား (ကာလတန်ဖိုး ၃၅၀၀၀၀ ကျပ်ကျော်) ရွှေဆွဲကြိုးကို ပြန်မပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဒေါ်ဟာဆီနာက ၎င်း၏ ရွှေဆွဲကြိုးကို ပြန်ပြောရန် တောင်းသည့် အခါ ဗိုလ်ကြီးဖြစ်သူက မိမိတို့ မယူကြောင်း လိမ်ညာ ပြောဆို၍ ဒေါ်ဟာဆီနာကို လက်သီးဖြင့် ထိုးကြိတ် ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

လိုင်စင်ရ ဓါးပြ သောင်းကျန်းသူများ ကဲ့သို့ ဖြစ်နေသည့် လက်နက် အာဏာပိုင် များသည် ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ်နှင့် အမျှ နည်းမျိုးစုံဖြင့် ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ငွေညှစ်လျက် ရှိသည့် အပြင် လုယက်ခြင်း များကိုပါ ပေါ်ပေါ်တင်တင် ပြုလုပ်လျက် ရှိသည်။ ဒေါ်ဟာဆီနာ ထံမှ ရွှေဆွဲကြိုးနှင့် ငွေကျပ် ၃ သိန်း ရသဖြင့် လက်သီးဖြင့် ထိုးရုံဖြင့်သာ ပြန်လည် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ အကယ်၍ ရွှေနှင့် ငွေသား မရပါက ဒေါ်ဟာဆီနာကို အုပ်စုဖွဲ့ မုဒိန်းကျင့် လွှတ်မည်မှာ အသေအချာ ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus