နောက်ဆုံးသတင်း/ဆောင်းပါးများ

ဒုချီးရားတန်း ကျေးရွာ တာဝန်ခံက အပြစ်မဲ့ (၄) ဦးကို ဖမ်းဆီး၍ ရဲမှူးငြိမ်းချမ်းအေး လက်သို့ အပ်နှံ



MYARF & Rohingya Eye
RB News
17.1.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံက အပြစ်မဲ့ ဒေသခံ (၄) ဦးကို ဖမ်းဆီး၍ ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူးငြိမ်းချမ်းအေး လက်သို့ အပ်နှံခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့ ည ၁၁ နာရီခန့် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံနှင့် အပေါင်းအပါ ၁၀ ဦးခန့်တို့သည် ၎င်းနှင့် ရန်ငြိုးရှိသူ အရှေ့ရွာမှ ဦးအဒူမူနာဖ် (ဘ) ဦးဘောဆိရ်အာမတ် (အသက် ၃၀ နှစ်) ကိုဖမ်းဆီးရန် ဦးအဒူမူနာဖ်၏ နေအိမ်တွင် ၀င်ရောက် ရှာဖွေရာ မတွေ့ရှိသဖြင့် ဦးအဒူမူနာဖ်၏ မိခင်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့နောက် ဦးအဒူမူနာဖ်ကို ရှာဖွေ ဖမ်းဆီးပြီး၊ ဒုချီးရားတန်းရှိ ယောက္ခမအိမ်သို့ အလည်ရောက် နေသူ ဂေါ်ဒူသာရ ရွာသား နူရူအစ္စလာမ် (အသက် ၃၀ နှစ်) ကိုလည်း ဖမ်းဆီးခဲ့သည်။

ကျေးရွာ တာဝန်ခံက ဖမ်းဆီးထားသူ နှစ်ဦးကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် လာစဉ် လမ်းတွင် မိုဟာမတ် တာဟဲရ် (ဘ) ဦးအဒူရာဇတ် (အသက် ၂၅ နှစ်) ကိုတွေ့သဖြင့် မိုဟာမတ်တာဟဲရ်ကိုပါ ဖမ်းဆီး၍ အုပ်ချုပ်ရေးမှူး ရုံး၌ ကြိုးဖြင့် ချည်နှောင်ထားခဲ့ကြောင်း သိရသည်။ ထို့နောက် ကျေးရွာ တာဝန်ခံက ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးကို ဖုန်းဆက်၍ ခေါ်ကာ ဖမ်းဆီးထားသူ များကို အပ်နှံခဲ့သည်။ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဖမ်းဆီးထားသူများနှင့် အတူ ကျေးရွာ တာဝန်ခံကိုပါ ခေါ်ဆောင်သွားပြီး၊ တစ်ဖန် ဇန်န၀ါရီလ (၁၆) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ဒုချီးရားတန်း ကျေးရွာသို့ ပြန်လာ၍ ဦးအာဇီမူလ္လာ (ဘ) ဦးကူလ်လာမျာ (အသက် ၃၇ နှစ်) ၏ ၀န်းရံကာ ဦးအာဇီမူလ္လာကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူများကို ဂေါ်ဒူသာရရှိ တံတား ကင်းစခန်းတွင် တစ်ညလုံး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး နံနက်ပိုင်းတွင် မောင်တော ရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ကျေးရွာ တာဝန်ခံ၏ ရိုက်နှက်မှုကြောင့် ဦးအဒူမူနာဖ်၏ မိခင်မှာ သေလုမျောပါး ဖြစ်နေကြောင်း သိရသည်။

“ဖမ်းတာတော့ ဘာအကြောင်းမှ ရှိလို့ ဖမ်းတာ မဟုတ်ဘူး။ ကျေးရွာ တာဝန်ခံနဲ့ မကြည်လို့ တမင် ဖမ်းပြီး ရဲမှူး ငြိမ်းချမ်းအေး လက်ကို အပ်လိုက်တာ။ သူတို့ကို ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ပျောက်ဆုံးမှုနဲ့ မသင်္ကာဘူး ဆိုပြီး တရားစွဲမယ်၊ အဲဒါ မအောင်မြင်ရင် မီးရှို့မှုနဲ့ တရားစွဲမယ်။ မတရားထောင်ချမယ်။ အရင်လည်း အဲဒီလို လုပ်ခဲ့ဖူးတာတွေ ရှိတော့ အခုလူတွေကိုလည်း အဲလိုဘဲ လုပ်မယ်လို့ ထင်တယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus