နောက်ဆုံးသတင်း/ဆောင်းပါးများ

ဇော်မတက် ကျေးရွာတွင် အာဏာပိုင်များ၏ ခရိုနီ တစ်စု ဥပဒေမဲ့ သောင်းကျန်းလျက်ရှိ



RB News
8.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် ဇော်မတက် ကျေးရွာတွင် အာဏာပိုင်များ၏ ခရိုနီ တစ်စုက ဥပဒေမဲ့ လုပ်ရပ်များဖြင့် သောင်းကျန်းလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် ဇော်မတက် ကျေးရွာ၏ ယခင် ရ.ယ.က ဥက္ကဌဟောင်း ဖြစ်သည့် ဦးဇော်ဟိရ် ဦးဆောင်သည့် အဖွဲ့သည် အာဏာပိုင်များ၏ သြဇာ အရှိန်အ၀ါဖြင့် မိမိတို့ စိတ်ထင်တိုင်း ဥပဒေမဲ့ လုပ်ရပ်များ အဆက်မပြတ် ပြုလုပ် လျက်ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ၎င်းသည် ယခင် န.စ.က လက်ထက် ကတည်းက ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်များ မကြာခဏ ပြုလုပ်ခဲ့ပြီး၊ ယခုအခါ ရာထူး မရှိသော်လည်း အာဏာပိုင်များက အကာအကွယ် ပေးထား သဖြင့် မိမိနှင့် သဘော မတွေ့သူများကို အကြောင်းမဲ့ ဒုက္ခပေးခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဆိုသည်။

ဇန်န၀ါရီလ (၃) ရက်နေ့ ည ၇ နာရီ အချိန်တွင် ဒေါ်ဇူရာဘေဂမ် (ဘ) ဦးအစ္စလာမ်၏ နေအိမ်သို့ ၀င်ရောက်၍ အိမ်ရှင် ဖြစ်သူ ဒေါ်ဇူရာဘေဂမ်ကို ကာအိနြေ္ဒ ပျက်ပြားသည့် အထိ စော်ကားမှုများ ပြုလုပ်ပြီးနောက် ငွေကျပ် တစ်သိန်း ငါးသောင်းနှင့် ရွှေတစ်ကျပ်သား တို့ကို လုယက် ယူဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ထို့အပြင် ဇန်န၀ါရီလ (၂) ရက်နေ့ကလည်း ဦးရော်ဖိတ် (ဘ) ဦးယာစီးန်ကို ဆွေးနွေးစရာ ရှိသည်ဟု ဆိုကာ ဇော်မတက် (လန်ဘာဂူးနား) ရှိ ဈေးသို့ ခေါ်၍ မောင်တောမြို့မှ ရဲများနှင့် နယ်ခြားစောင့် ရဲများ ခေါ်လာပြီး ရဲများလက်သို့ အပ်နှံခဲ့သည်။ ရဲလက်သို့ အပ်နှံခံရသူ ဦးရော်ဖိတ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်သော်လည်း ဥက္ကဌဟောင်း ဦးဇော်ဟိရ်က ၎င်းနှင့် မကြည်ဖြူဟု ဆိုကာ ယခုကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ ဦးရော်ဖိတ်ကို ရဲများက ခေါ်ဆောင်သွားပြီး မည်သည့် နေရာတွင် ချုပ်နှောင် ထားသည်ကို သေချာ မပြောဘဲ၊ ရဲများက မိသားစုများ မတက်နိုင်သည့် ငွေပမာဏကို တောင်းခံလျက် ရှိကြောင်း သိရှိရပါသည်။

ဦးဇော်ဟိရ် ဦးဆောင်သည့် ငါးဦး အဖွဲ့သည် ကျေးရွာတွင်းတွင် ၎င်းတို့ စိတ်တိုင်းကျ ဖမ်းဆီးမှု၊ လုယက်မှုများ ပြုလုပ်လျက် ရှိသော်လည်း အာဏာပိုင်များက အကာအကွယ် ပေးထားပြီး၊ ကျေးရွာတွင်း ဥပဒေမှာ ဦးဇော်ဟိရ်၏ ပါးစပ်ဖျားတွင် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။

Comment ရေးရန်

Rohingya Exodus