နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့်ရဲများက ဘင်္ဂလား ဆင်းမ်ကဒ်များဖြင့် ဒေသခံများကို လုပ်ကြံ ဖမ်းဆီး ငွေညှစ်



MYARF
RB News
30.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများသည် ဒေသခံများကို ဘင်္ဂလား ဆင်းမ်ကဒ်များဖြင့် လုပ်ကြံ ဖမ်းဆီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၇) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ အသက် ၁၇ နှစ် အရွယ် အုစ်မာန် (ဘ) မော်လ၀ီ မိုဇာဖောရ်သည် ဆင်းမ်ကဒ်မပါသည့် Huawei ဖုန်းတစ်လုံးဖြင့် သီချင်းနားထောင် နေစဉ် အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများ ရောက်ရှိလာပြီး ဖုန်းကို သိမ်းယူ၍ လူငယ် ဖြစ်သူကို စခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ လူငယ်ဖြစ်သူက စခန်းရောက်လျှင် ရိုက်နှက်ခံရမည်ကို စိုးရိမ်၍ လမ်းမှ ထွက်ပြေး သွားခဲ့သည်။ ထို့နောက် နယ်ခြားစောင့် ရဲများက ဖုန်းထဲတွင် ဘင်္ဂလား ဆင်းမ်ကဒ် Banglalink နှင့် Ro bi တို့ကို ထည့်၍ ထွက်ပြေးသွားသည့် လူငယ်၏ ဖခင်ဖြစ်သူ မော်လ၀ီ မိုဇာဖောရ်ကို ငွေ ၅ သိန်း လာပေးရန် အကြောင်းကြားခဲ့သည်။ ဖခင်ဖြစ်သူက ငွေမပေးသဖြင့် ဇန်န၀ါရီလ ၂၈ ရက်နေ့ ည ၇ နာရီ အချိန်တွင် ၀တ်ပြုဆောင်၌ ၀တ်ပြုနေစဉ် နယ်ခြားစောင့်ရဲများက ဖမ်းဆီးရန် ကြိုးစားရာ ဖခင် ဖြစ်သူလည်း ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ထို့နောက် နယ်ခြားစောင့် ရဲများသည် ထိုနေရာမှ ပြန်လာစဉ် ကျောက်ပြင်ဆိပ် ကျေးရွာ အုပ်စု အနောက်ရွာမှ ကျောင်းသား တစ်ဦး ဖြစ်သည့် အသက် ၁၅ နှစ် အရွယ် ရာမတ်အုလ္လာ (ဘ) ဦးဖော်ဇော်လ်၏ အင်္ကျီအိတ်ထဲသို့ နယ်ခြားစောင့် ရဲများ လုပ်ကြံထားသည့် ဘင်္ဂလား ဆင်းမ်ကဒ်နှင့် အုစ်မာန်ထံမှ သိမ်းထားသည့် Huawei ဖုန်းကို ထည့်ကာ ဘင်္ဂလားဖုန်း သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus