နောက်ဆုံးသတင်း/ဆောင်းပါးများ

ဗျူဟာမှူးရွာမှ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို အုပ်စုဖွဲ့ မုဒိန်းကျင့်သည့် အပြင် ငွေညှစ်



RB News
21.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဗျူဟာမှူး ကျေးရွာမှ အိမ်ထောင်သည် အမျိုးသမီး တစ်ဦးကို နယ်ခြားစောင့်ရဲ (၆) ဦးက အုပ်စုဖွဲ့ မုဒိန်းကျင့်သည့် အပြင် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၂၀) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု ဗျူဟာမှူး ကျေးရွာမှ ကျော်ဇေယျာဦးနှင့် မောင်တူလာ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲ (၆) ဦးတို့သည် ဆိုင်ကယ်ဖြင့် အိမ်ပြန်လာနေသည့် ဦးအီနုစ် (ဘ) ဦးကာဆိမ်းကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက်ခဲ့ကြောင်း သိရသည်။

ဦးကျော်ဇေယျာဦးနှင့် နယ်ခြားစောင့်ရဲ (၆) ဦးတို့သည် ယင်းနေ့ ည ၁၀း၃၀ နာရီ အချိန်တွင် ဗျူဟာမှူးရွာမှ ဦး ---- ၏ ဇနီး ဖြစ်သူကို ရွာသားတစ်ဦးက တိုင်တန်း ထားသည်ကို စစ်ဆေးရန် ရှိသည်ဟု လုပ်ကြံ ပြောဆို၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညသန်းခေါင်ယံ ၁း၃၀ နာရီ အထိ အုပ်စုဖွဲ့ မုဒိန်းကျင့်သည့် အပြင် ငွေကျပ် တစ်သိန်း သုံးသောင်း ညှစ်ယူပြီးမှ ပြန်လည် လွတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဒေသခံ ရိုဟင်ဂျာများ အတွက် ဥပဒေ မရှိတဲ့ မောင်တော ခရိုင်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကျူးလွန်သည့် အမှုများကို တိုင်ကြားလျှင်လည်း တိုင်ကြားသူသာ ငွေညှစ်ခံရခြင်းနှင့် ကြုံနေရပြီး အထက် အာဏာပိုင်များ ကလည်း တရား ဥပဒေ စိုးမိုးရန် ကြိုးစားမှု လုံးဝ မရှိသည်ကို တွေ့နေရသည်။ ပြည်ထောင်စု အစိုးရ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၀ ခုနှစ်တွင် ကတိပေါင်းစုံ ပေး၍ မဲများ ယူသွားခဲ့ပြီး အခြေအနေကို ပိုမိုဆိုးရွားအောင် ပြုလုပ်ထား သဖြင့် ယင်းပါတီ အပေါ်ကိုလည်း ဒေသခံ ရိုဟင်ဂျာများ အလွန်တရာ စိတ်ပျက်လျက် ရှိသည်။ နယ်ခြားစောင့် ရဲများ ကျူးလွန်သည့် အမှုများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး အထိပင် တိုင်စာများ ပို့ခဲ့သော်လည်း အရေးယူ ဆောင်ရွက် ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus