နောက်ဆုံးသတင်း/ဆောင်းပါးများ

မိသားစုများကို ထင်းခုတ်၍ ထောက်ပံ့နေသည့် ကလေးများကို ဖမ်းဆီး၍ ထင်းများ ဓါးများသိမ်း



Rohingya Eye
RB News
3.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စုမှ ထင်းခုတ်၍ မိသားစုများကို ထောက်ပံ့နေသည့် ကလေး (၃) ဦးကို နယ်ခြားစောင့် ရဲများက ဖမ်းဆီး ရိုက်နှက်၍ ထင်းများနှင့် ဓါးများ သိမ်းယူ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၃၁) ရက်နေ့ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အုပ်စု (ဟာဝါးရ်ဘိလ်) တောင်ရွာမှ နော်ဘီဟူစိန်း (ဘ) ဦးဘော်ရှော်ရ် (အသက် ၁၂ နှစ်)၊ ရှာကဲရ် (ဘ) ဦးတာဟဲရ် (အသက် ၁၃ နှစ်) နှင့် အာဖ်တာရ် ဟူဆောင်း (ဘ) ဦးဘော်ရှီရ်အာမတ် (အသက် ၁၃ နှစ်) တို့သည် ရွာ၏ အရှေ့ဘက်ရှိ တောင်တန်းတွင် ထင်းခုတ်၍ ပြန်လာစဉ် ကျီးကန်းပြင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်မှ နယ်ခြားစောင့်ရဲများက တွေ့ရှိပြီး၊ အဆိုပါ ကလေး (၃) ဦးကို နယ်ခြားစောင့် ရဲများက သေနတ်များဖြင့် ရိုက်နှက်ခဲ့သည်။ ထို့နောက် ၎င်းတို့ (၃) ဦးထံတွင် ပါလာသည့် ထင်းများ၊ ဓါးများကို သိမ်းယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကလေးများ၏ မိသားစုဝင် တစ်ဦးက “ဆင်းရဲလွန်းလို့ ဒီကလေးတွေက ထင်းခုတ်ပြီး တဖက်တလမ်းကနေ ထောက်ပံ့နေကြတာ။ ထင်းခုတ်ရင်လည်း နယ်ခြားစောင့် ရဲတွေက အနှောက်အယှက် ပေးတယ်။ အခု ဒီကလေးတွေကို သေနတ်နဲ့ ရိုက်တာ ရက်ရက် စက်စက်ပဲ။ ကြိမ်ချောင်းဈေး ကနေ ဟင်းသီးဟင်းရွက် တွေဝယ်ပြီး ရောင်းမယ် ဆိုရင်လည်း လမ်းမှာ ရှိသမျှ နယ်ခြားစောင့် ရဲတွေကို ဆက်ကြေး ပေးရတယ်။ အဲဒါအပြင် သူတို့ စိတ်ကြိုက် ဟင်းသီးဟင်းရွက် တွေကို လုတယ်။ ထင်းခုတ်ရင်လည်း လုတယ်။ ဟင်းသီးဟင်းရွက် ရောင်းရင်လည်း ဆက်ကြေး ယူတဲ့အပြင် လုတယ်။ အဲဒါတော့ ဘာအလုပ် လုပ်စားမလဲ ဆိုတာ တွေးမရတော့ဘူး” ဟု ပြောပါသည်။ 

Comment ရေးရန်

Rohingya Exodus