နောက်ဆုံးသတင်း/ဆောင်းပါးများ

သံဒါ ကျေးရွာသား နှစ်ဦးထံမှ နယ်ခြားစောင့် ရဲများနှင့် ရခိုင်များက ငွေများ လုယက်



Rohingya Eye
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှ ဒေသခံ နှစ်ဦး ထံမှ ငွေများ၊ ယာယီကဒ်ပြားနှင့် အိမ်ထောင်စု စာရင်းများကို နယ်ခြားစောင့် ရဲများနှင့် ရခိုင်များက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း သံဒါ ကျေးရွာမှ ဒေသခံ တစ်ဦးဖြစ်သည့် ဦးဟာဖီဇူလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၀ နှစ်) သည် ဇော်မတက် ကျေးရွာသို့ သွားရောက်နေစဉ် ဇော်မတက် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်းပြီး ယာယီ သက်သေခံ ကဒ်ပြားနှင့် အိမ်ထောင်စု စာရင်း တို့ကို သိမ်းဆည်းကာ ၎င်း၏ အိတ်ထဲတွင် ပါသည့် ငွေကျပ် တစ်သောင်း ငါးထောင်ကိုလည်း လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် သံဒါကျေးရွာမှ မော်နီရ်ရာဟာမန် (ဘ) ဦးအဒူရာဇတ် (အသက် ၂၇ နှစ်) သည် ဇော်မတက်ဈေးသို့ သွားနေစဉ် လမ်းတ၀က်၌ ဇော်မတက် န.တ.လ ရခိုင်ရွာရှိ ဘုန်းကြီးကျောင်း ရှေ့တွင် ရခိုင်ရွာသားများက ၀ိုင်းဝန်း ရိုက်နှက်ပြီး အိတ်ထဲတွင် ပါလာသည့် ငွေကျပ် နှစ်သောင်းကို လုယက်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“အဲဒီ န.တ.လ ရွာကနေ ဖြတ်သွားရင် အနှောက်အယှက် မျိုးစုံပေးတယ်။ လုယက်တာလည်း ခဏခဏပါပဲ။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွေကို သွားတိုင်ရင်လည်း အရေးယူ ဆောင်ရွက် ပေးတာ မရှိဘူး။ တကယ်လို့ ခုခံ ကာကွယ်ခွင့်နဲ့ ခုခံ ကာကွယ်မယ် ဆိုရင်လည်း ကာကွယ်သူကိုသာ ဖမ်းပြီး အရေးယူမှာ သေချာတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus