နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးက ဒေသခံနှစ်ဦးထံမှ ငွေကျပ် ၇ သိန်းညှစ်



Rohingya Eye
RB News
9.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦးက အပြစ်မဲ့ ဒေသခံ နှစ်ဦး ထံမှ ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့ နေ့လည် ၁း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲအုပ် တစ်ဦးက ဦးရှုကူရ် (ဘ) ဦးဘော်ရှော်ရ် (အသက် ၂၅ နှစ်) နှင့် ဦးဇီယာဘူရာမန် (ဘ) မော်လ၀ီ အဒူဆလာမ် (အသက် ၃၀ နှစ်) တို့ကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရခြင်း အကြောင်းရင်းမှာ ဦးရှုကူရ်၏ အစ်ကို ဖြစ်သူ ဦးနူလ်မာလ်ဟာကိမ်းသည် ကျီးကန်းပြင်နှင့် နွားရုံတောင် ကျေးရွာ ကြားလမ်းတွင် ဆိုင်ကယ် မောင်းနှင်နေစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး၊ ဆိုင်ကယ် တိမ်းမှောက်မှုကို အကြောင်းပြ၍ ငွေညှစ်ရန် လိုက်ရှာသော်လည်း မတွေ့ရှိသဖြင့် ညီဖြစ်သူနှင့် အခြားတစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရသူ နှစ်ဦးကို ယင်းနေ့ ညနေ (၆) နာရီတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

ဦးဇီယာဘူရာမန်သည် ဇင်ပိုင်ညှာ ကျေးရွာသား တစ်ဦး ဖြစ်ပြီး ဦးရှုကူရ်၏ နေအိမ်သို့ အလည်အပတ် ရောက်ရှိနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံရပြီး ငွေညှစ်ခံရခြင်း ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus