နောက်ဆုံးသတင်း/ဆောင်းပါးများ

တောင်ပြိုလက်ဝဲမှ ဒေသခံ သားအဖ နှစ်ဦးကို မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် ၇ သိန်းညှစ်



Rohingya Eye
RB News
18.2.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်မှ အပြစ်မဲ့ ဒေသခံ သားအဖနှစ်ဦးကို အာဏာပိုင်များက မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး ငွေကျပ် ၇ သိန်း ညှစ်ယူခဲ့ပြီး၊ အိမ်ပြုပြင်သူများ ထံမှလည်း ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အမှတ် (၂) ရပ်ကွက်မှ ဦးရှုနာလီ (ဘ) ဦးအဒူကာဒိရ် (အသက် ၆၇ နှစ်) သည် ၎င်း၏ ခြံဝင်းအတွင်းရှိ အုန်းပင်များမှ အုန်းသီးများ ဖျက်ဆီးနေသည့် ကြွက်၊ လင်းနို့များကို နှင်ထုတ်ရန် ခေါင်းလောင်းတီး နေစဉ် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်နှင့် စ.ရ.ဖ တို့ပူးပေါင်း၍ ရွာအတွင်း ကင်းလှည့်နေရာမှ ခေါင်းလောင်းသံ ကြား၍ ဦးရှုနာလီ၏ ခြံထဲသို့ ၀င်ရောက်၍ ဦးရှုနာလီနှင့် သားဖြစ်သူ ဦးဂူလာမိန် (အသက် ၄၂ နှစ်) တို့ကို ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။

ထို့နောက် ၎င်းတို့ သားအဖကို လုံခြုံရေး အဖွဲ့ ရောက်ရှိလာချိန်တွင် ခေါင်းလောင်းတီး၍ အချက်ပေးခြင်း ဖြစ်ပြီး၊ RSO နှင့် အဆက်အသွယ် ရှိသူများဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ တစ်ညလုံး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေကျပ် ၇ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ လူမဆန်စွာ ရိုက်နှက်မှုကြောင့် သားအဖ နှစ်ဦး၏ မျက်နှာများနှင့် ခန္ဓာကိုယ် ကြောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ အမှတ် (၂) ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှ၊ ရာအိမ်မှူး ဦးအဒူကော်ရီးမ် (ဘ) ဦးအဒူနော်ဘီနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များသည် ဒေသခံ ရွာသား အချို့ကို အိမ်ပြုပြင်ရန် ခွင့်ပြုချက် မယူဟုဆိုကာ ငွေညှစ်ခဲ့သည်။ အိမ်အသစ် ဆောက်လျှင် သက်ဆိုင်ရာမှ ခွင့်ပြုချက် ယူရသော်လည်း အိမ်ပြုပြင်ရန် ခွင့်ယူချက် မယူရကြောင်း ဒေသခံများ ဆိုသည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးက အာဏာအလွဲသုံးစား ပြုလုပ်၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးဟာလိမ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ ထောင်
(၂) ဦးနော်ဘီဟူစိန်း (ဘ) ဦးအာဘူလ်ဟိုက်ရ် (အသက် ၆၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ ထောင်
(၃) ဦးဟာဘဲစ်အာမတ် (ဘ) ဦးဇာဖောရ် (အသက် ၃၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သောင်း -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus