နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ (၁၇) ဦးထံမှ ငွေညှစ်




Rohingya Eye
RB News
21.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်သည် ဒေသခံ ရိုဟင်ဂျာ (၁၇) ဦးထံမှ အကြောင်း အမျိုးမျိုး ခေါင်းစဉ် တပ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်သည် ဒေသခံ ရိုဟင်ဂျာ ရွာသား (၁၇) ဦးကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ စ၍ အိမ်ပြုပြင်နေသည်၊ အိမ်ဆောက်လုပ်နေသည်၊ မလေးရှားနိုင်ငံသို့ သားသမီးများ ပို့နေသည်ဟု အကြောင်း အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

အိမ်ပြုပြင်နေသည်ဟု စွပ်စွဲခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဒိလ်မိုဟာမတ် (ဘ) ဦးအာမတ်ရှော်ရိဖ် (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၈ သောင်း
(၂) ဒေါ်မော်ရီယမ်ခါတူ (ဘ) ဦးအီမာန်ဟူစိန်း (အသက် ၄၉ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၃ သောင်း
(၃) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၉ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း ၅ သောင်း
(၄) ဦးအန်ဇူလ်ဟူစိန်း (ဘ) ဦးအစ္စမိုင်လ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၇ သောင်း
(၅) မော်လ၀ီ အဲမ်ဒါတ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၃၆ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၆ သောင်း
(၆) ဦးဟာမိတ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၂ သိန်း
(၇) ဦးအဒူရှုကူရ် (ဘ) ဦးမာမတ်ဒူး (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း -- တို့ဖြစ်သည်။

မလေးရှားနိုင်ငံသို့ သားသမီးများ ပို့နေသည်ဟု စွပ်စွဲခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးအာဖ်တာရ်ဟူစိန်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၂) ဦးရှော်မ်ရှု (ဘ) ဦးအီမာန်ဟူဆောင်း (အသက် ၅၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၁ သိန်း ၅ သောင်း
(၃) ဦးကာမာလ်ဟူစိန်း (ဘ) ဦးဘိုက်တာ (အသက် ၄၃ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၃ သိန်း
(၄) ဦးရှော်ဖီ (ဘ) ဦးအလီဟူဆောင်း (အသက် ၅၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၅) ဦးဖါရူခ် (ဘ) ဦးအလီဟူဆောင်း (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သောင်း
(၆) ဦးလေထား(ဟ်) (ဘ) ဦးတော်ဖ်ဂူလ် (အသက် ၆၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၇ သိန်း
(၇) ဦးဒိလ်မိုဟာမတ် (ဘ) ဦးဆော်ယာဒ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၈) ဦးအဒူကူဒူစ် (ဘ) ဦးမူဘာရက်ခ် (အသက် ၄၂ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၉) ဦးရော်ဟိမ်မူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း
(၁၀) ဦးဖါရူခ် (ဘ) ဦးလာလ်မာမတ် (အသက် ၂၇ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် ၅ သိန်း -- တို့ဖြစ်သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြအောင်က ၎င်းတောင်းခံသည့် ငွေကို မပေးသူများကို အုပ်ချုပ်ရေးမှူး ရုံးတွင် ထိပ်တုံးခတ်ထားပြီး ရခိုင်လူမျိုး နှစ်ဦးကို ရိုက်နှက်ခိုင်းကြောင်း၊ ငွေပေးမှသာ ပြန်လည် လွှတ်ပေးကြောင်း ဒေသခံ ရွာသားများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus