နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးငြိမ်းချမ်းအေး နှင့်အဖွဲ့ ဂေါ်ဒူသာရတွင် အကြောင်းမဲ့ သေနတ် ပစ်ဖောက်လျက်ရှိ



MYARF
RB News
9.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဂေါ်ဒူသာရ ဗလီအနီးမှ ရပ်၍ သေနတ်များ အဆက်အပြတ် ပစ်ဖောက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၉) ရက်နေ့ ည ၈ နာရီ ကျော် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာရှိ တံတား ကင်းစခန်းမှ ရဲမှူး ငြိမ်းချမ်းအေးနှင့် နယ်ခြားစောင့် ရဲများသည် ကားတစ်စီးဖြင့် ဂေါ်ဒူသာရ ရွာမရှိ ဗလီခြံဝင်းထဲ ၀င်ရောက်ပြီး ဗလီထဲ၌ ၀တ်ပြုပြီး ထွက်လာသူများကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားခဲ့ရာ လူများ အော်ဟစ် ထွက်ပြေးခဲ့သော်လည်း မော်လ၀ီ ရှောမ်ရှု (ဘ) ဦးအဒူဆတာရ် (အသက် ၃၇ နှစ်) မှာ ထွက်မပြေးနိုင်သောကြောင့် အကြောင်းမဲ့ ဖမ်းဆီး ခံလိုက်ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရဲမှူး ငြိမ်းချမ်းအေးနှင့် အဖွဲ့သည် ဗလီခြံဝင်းမှ လမ်းမပေါ်သို့ ထွက်လာပြီး မရပ်မနား သေနတ် ပစ်ဖောက်လျက် ရှိကြောင်း၊ ရွာသားများ အားလုံး အထိတ်တလန့်ဖြင့် ရွာအ၀င်တွင် ရပ်နေကြကြောင်း၊ ကနဦးတွင် သေနတ်ကို မိုးပေါ်ထောင် ပစ်သော်လည်း၊ ယခုအခါ လူအုပ်ထဲသို့ တည့်တည့် ပစ်လျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအေးသည် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်သူ တစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သည့် ရက်ပိုင်းက ၎င်း၏ WY စာတမ်းပါ မူးယစ်ဆေးများကို ဖွဲရာရွာမှ ကလေးငယ်များ လယ်ကွင်းမှ ကောက်ရခဲ့သည်။

Comment ရေးရန်

Rohingya Exodus