နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားဟောလျှင် တစ်သောင်း၊ ၀တ်ပြုရန် ဖိတ်ခေါ်လျှင် တစ်နေ့ တစ်ထောင် ပေးရမည်ဟု နယ်ခြားစောင့်ရဲများပြော



MYARF
RB News
16.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက ဗလီများတွင် တစ်ကြိမ် တရားဟောလျှင် ငွေကျပ် တစ်သောင်းနှင့် ၀တ်ပြုရန် (အာဇာန်) ဖိတ်ခေါ်လျှင် တစ်နေ့ ငွေကျပ် တစ်ထောင် ပေးရမည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၂) မှ ၎င်းကျေးရွာ အတွင်းရှိ ဗလီ ဂေါပက များနှင့် ဗလီဆရာ များကို ဆင့်ခေါ်၍ “မင်းတို့ ဘာကြောင့် အသံချဲ့စက် သုံးပြီး အာဇာန် (၀တ်ပြုရန် ဖိတ်ခေါ်ခြင်း) ဆိုတာလဲ၊ တရားဟော တာလဲ၊ ဘယ်သူ ခွင့်ပြုထားလို့လဲ” ဟု မေးမြန်းရာ ဂေါပက တစ်ဦးက မိမိတို့ အနေဖြင့် နာရေး အသိပေး ကြေညာခြင်းနှင့် ဆွဲ၊တင်၊စစ် အတွက် အသိပေး ကြေညာခြင်းမှ အပ အခြား ကိစ္စများတွင် အသံချဲ့စက် အသုံးပြုခြင်း မရှိဟု ဖြေကြားခဲ့သည်။ သို့သော်လည်း နယ်ခြားစောင့် ရဲများက ဂေါပက များကို နောက်နောင် အသံချဲ့စက် မသုံးပါဟု ၀န်ခံကတိ လက်မှတ် ရေးထိုး ခိုင်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

တစ်ဖန် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် စခန်းအမှတ် (၁၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် တစ်ဦး အပါအ၀င် နယ်ခြားစောင့် ရဲတပ်သား (၄) ဦးတို့သည် မြောတောင် ကျေးရွာသို့ သွားရောက်ပြီး ဗလီဆရာများကို အသံချဲ့စက် မသုံးပါဟု လက်မှတ် ရေးထိုးခိုင်းခဲ့သည်။

နယ်ခြားစောင့် ရဲများက အကယ်၍ အသံကျယ်စက် သုံးလိုလျှင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ခွင့်ပြုချက် ယူ၍ အသုံးပြုနိုင်မည် ဖြစ်ပြီး တစ်ကြိမ် တရားဟောလျှင် ငွေကျပ် တစ်သောင်း၊ အာဇာန် (၀တ်ပြုရန် ဖိတ်ခေါ်ခြင်း) အတွက် တစ်နေ့လျှင် ငွေကျပ် တစ်ထောင်စီ ပေးရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရပါသည်။

Comment ရေးရန်

Rohingya Exodus