နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ကဒ်များအတွက် ငွေကြေး ကောက်ခံလျက်ရှိ




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများ ထုတ်ပေးလျက် ရှိရာ စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများ ထံမှ ဆရာမများက ငွေကြေး တောင်းခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်တွင် တက္ကသိုလ် ၀င်တန်း စာမေးပွဲ ဖြေဆိုရန် စာမေးပွဲ ဖြေဆိုခွင့် ကဒ်ပြားများ ထုတ်ပေးလျက် ရှိပြီး၊ ပညာရေး ၀န်ကြီးဌာနမှ ငွေကြေး ယူခြင်းမှ ကင်းရှင်းရန် ပြောဆို ထားသော်လည်း ကဒ်ပြား ထုတ်ပေးနေသည့် ဆရာမများက ငွေသား အစား ဖန်ခွက်ဆပ် တစ်ဆပ်စီ တောင်းယူလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

“၁၀ တန်း စာမေးပွဲ ဖြေခွင့် ကဒ်ပြား ထုတ်ပေးနေတဲ့ ဆရာမတွေက ဖန်ခွက်ဆပ် တစ်ဆပ်စီ တောင်းတယ်။ အမှန်တော့ ငွေတောင်းတာပါ။ ဖန်ခွက်ဆပ်ကို နာမည်ခံတောင်းတာပါ။ ကျောင်းသားတွေစီက ငွေ တစ်ထောင်၊ နှစ်ထောင်စီ ယူနေတယ်။ ရိုဟင်ဂျာ ကျောင်းသားတွေ ဆီကသာ ယူနေတာပါ။ ၈ တန်း စာမေးပွဲ စောင့်နေတဲ့ ရခိုင် လူမျိုး ဆရာ/ဆရာမ တွေကလည်း စာမေးပွဲ ဖြေနေတဲ့ ကျောင်းသားတွေကို တမင် ရည်ရွယ်ပြီး စိတ်အနှောက် အယှက် ဖြစ်အောင် အမျိုးမျိုး လုပ်နေတယ်။ အဆိုးဆုံးကတော့ အ.လ.က (၁) မှာ တာဝန်ကျနေတဲ့ ဆရာမ ဒေါ်နုမေ ဖြစ်ပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus