နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆိုင်ကယ် တက္ကစီဖြင့် ပြန်နေသည့် အမျိုးသမီးများထံမှ ရခိုင်ရွာသားများ လုယက်




MYARF
RB News
23.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေဇား ကျေးရွာ အုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) မှ ဖြတ်၍ ဆိုင်ကယ်တက္ကစီဖြင့် ပြန်နေသည့် အမျိုးသမီးများထံမှ ရခိုင်ရွာသားများက လုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နေ့လည် ၂ နာရီ အချိန်တွင် မောင်တော မြို့နယ် ရွှေဇား ကျေးရွာ အုပ်စု၊ အောင်ဗလရွာ (ရခိုင်ရွာ) မှ ရခိုင်လူငယ် (၇) ဦးသည် မောင်တောမြို့မ ဈေးမှ ဈေးဝယ်၍ ဆိုင်ကယ် တက္ကစီများဖြင့် ရွာများသို့ ပြန်နေသည့် ဒေသခံ ရိုဟင်ဂျာ အချို့ကို အောင်ဗလရွာ အတွင်းတွင် ဆိုင်ကယ် တက္ကစီများ ပေါ်မှ ဆင်းခိုင်းပြီး ဆဲဆိုကာ ပါလာသည့် ပစ္စည်းများကို လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ပစ္စည်းများ လုယက်ခံရသူများမှာ အမှတ် (၆) နယ်မြေအပိုင်၊ ဇင်ပိုင်ညှာ၊ ကျောက်လှေကား၊ မင်္ဂလာကြီးနှင့် လှဘော်ဇား စသည့် ကျေးရွာများမှ ဖြစ်ပြီး လုယက်ခံရသူ အများစုမှာ အမျိုးသမီးများ ဖြစ်ကြောင်း သိရသည်။ လုယက်ခံရသည့် ပစ္စည်းများမှာ တန်ဖိုး အားဖြင့် ငွေကျပ် ၅ သိန်း ကျော်ဖိုး ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus