နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်လှေကားမှ နယ်ခြားစောင့်ရဲများက ရွှေဇားရှိ ဆိုင်များမှ လစဉ်ကြေးကောက်



Rohingya Eye
RB News
10.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာ စေတီပြင် ခွဆုံရှိ ဆေးဆိုင်များနှင့် လဘက်ရည်ဆိုင်များမှ ကျောက်လှေကား ကျေးရွာရှိ နယ်ခြားစောင့် ရဲများက လစဉ်ကြေး ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် ရွှေဇား ကျေးရွာ စေတီပြင် ခွဆုံရှိ ဆေးဆိုင်များနှင့် လဘက်ရည်ဆိုင် များက အမှတ် (၆) နယ်မြေ၊ ကျောက်လှေကား ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲများက လစဉ်ကြေး ပေးရမည်ဟု အမိန့်ထုတ်ပြန် ခဲ့ပြီး လွန်ခဲ့သည် ဇန်န၀ါရီလကလည်း လစဉ်ကြေး ကောက်ခံခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အဆိုပါ ဆိုင်များသည် မြို့နယ် အခွန်ဦးစီးဌာနသို့ နှစ်စဉ် ၀င်ငွေခွန် ပေးဆောင်လျက် ရှိသည့် အပြင် မြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနသို့လည်း လုပ်ငန်း လိုင်စင်ခွန်လည်း ပုံမှန် ပေးသွင်း၍ လုပ်ကိုင်နေသည့် ဆိုင်များ ဖြစ်သည်။ နိုင်ငံတော်မှ သတ်မှတ်ထားသည့် အခွန်အခများကို ပေးဆောင် နေသည့်ကြားမှ ယခုကဲ့သို့ လက်နက်ကိုင် အာဏာပိုင်များက မတရားသဖြင့် ဆက်ကြေးကဲ့သို့ ကောက်ခံခြင်းကို ဆိုင်ရှင်များ အလွန် စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။

လစဉ်ကြေး တစ်သောင်းကျပ် စီပေးရသည့် လဘက်ရည်ဆိုင် ပိုင်ရှင်များမှာ --

(၁) ဦးဇူဘိုင်ရ် (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၂ နှစ်)
(၂) ဦးမိုဟာမတ်တော်ယုဖ် (ဘ) ဦးရော်ရှိတ် (အသက် ၄၅ နှစ်)
(၃) ဦးအေမာရာန် (ဘ) ဦးမာဆောင်း (အသက် ၂၈ နှစ်) တို့ဖြစ်ပြီး --

လစဉ်ကြေး ငွေကျပ် ၄၀၀၀ စီပေးရသည့် ဆေးဆိုင် ပိုင်ရှင်များမှာ --

(၁) ဦးမိုဟာမတ်အာယုဖ် (ဘ) ဦးမော်နီရ်အာမတ် (အသက် ၂၄ နှစ်)
(၂) ဦးအိဒိရီစ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၅ နှစ်)
(၃) ဦးမောင်ကြီး (အသက် ၂၆ နှစ်) -- တို့ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus