နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောက်တော်မှ မလေးရှားသို့ သွားနေသူ ၁၅ ဦး ဘူးသီးတောင်တွင် ဖမ်းဆီး ထောင်ချခံရ



MYARF
RB News
8.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော် မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာ များသည် စားဝတ်နေရေးနှင့် အလုပ်လက်မဲ့ ပြဿနာ များကြောင့် မလေးရှားနိုင်ငံသို့ နေ့စဉ် ထွက်ခွာလျက် ရှိပြီး၊ မလေးရှားနိုင်ငံသို့ သွားနေသည့် ကျောက်တော်မှ ဒေသခံ ၁၅ ဦးကို ဘူးသီးတောင် မြို့တွင် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ချမှတ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ကျောက်တော်မြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများသည် စားဝတ်နေရေး ကျပ်တည်းမှု၊ အလုပ်လက်မဲ့ ဖြစ်နေရခြင်းများနှင့် ရင်ဆိုင်နေရသဖြင့် အန္တရာယ် ပေါင်းစုံကို မမှုဘဲ စက်လှေများဖြင့် မလေးရှား နိုင်ငံသို့ နေ့စဉ် ထွက်ခွာလျက် ရှိသည်ဟု သိရသည်။ လူပွဲစားများ၏ လိမ်လည် ရောင်းစားခြင်း၊ လမ်းတ၀က်တွင် အစာရေစာ ငတ်ပြတ်၍ သေဆုံးခြင်း၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်တို့၏ ဖမ်းဆီးခံရခြင်း၊ ရေနစ် သေဆုံးခြင်း၊ ထိုင်းနိုင်ငံတွင် ရောင်းစားခံရခြင်း စသည့် အန္တရာယ် ပေါင်းစုံကို မမှုဘဲ ထွက်ခွာနေသည်ဟု ဘူးသီးတောင် မြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လွန်ခဲ့သည့် ၁၅ ရက်ခန့်က ကျောက်တော်မြို့နယ်မှ ဦးမာမတ်နူရ် (အသက် ၆၀ နှစ်) ဦးဆောင်သည့် ကျောက်တော်မှ ဒေသခံ (၁၅) ဦးသည် မလေးရှားနိုင်ငံသို့ မောင်တောမြို့မှ တဆင့် စက်လှေဖြင့် ထွက်ခွာရန် လာစဉ် ဘူးသီးတောင် မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူ (၁၅) ဦးတွင် အသက် (၆၀) ကျော် သက်ကြီး ရွယ်အိုများနှင့် အရွယ် မရောက်သေးသည့် မိန်းကလေး တစ်ဦးလည်း ပါဝင်သည်။ အရွယ် မရောက်သေးသည့် မိန်းကလေးကို ကျောက်တော်မြို့နယ် ပိုက်သည်ရွာရှိ မိဘများ၏ နေရပ်သို့ ပြန်လည် ပို့လိုက်သော်လည်း ကျန် ၁၄ ဦးမှ ဦးမာမတ်နူရ် အပါအ၀င် သက်ကြီးရွယ်အို နှစ်ဦးကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ချမှတ်လိုက်ပြီး၊ ကျန်သည့် ၁၂ ဦးကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကာ ဘူးသီးထောင် အကျဉ်းထောင်တွင် ချုပ်နှောင် ထားကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus