နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်မှ ရဲအုပ် မြတ်ထွေးက ငွေညှစ်၊ အိမ်ခွန် ပြေစာများကို အဆမတန် ကောက်ခံ




RB News
25.2.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေးက ဒေသခံ နှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခဲ့ပြီး၊ အိမ်ခွန် ပြေစာ ကောက်ခံသည့် စာရေးမက သတ်မှတ်နှုန်းထက် အဆမတန် ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၉) ရက်နေ့က ဘူးသီးတောင် မြို့နယ် မြို့မ ရဲစခန်းမှ ရဲအုပ် မြတ်ထွေးနှင့် ရဲတပ်သား စန်းမြင့် တို့သည် ဘူးသီးတောင် မြို့နယ် ကျီးနှုတ်သီး ကျေးရွာမှ ဈေးဆိုင်ပိုင်ရှင် နှစ်ဦး ဖြစ်သည့် ဦးရွှေမောင် (ဘ) ဦးဇလာလ်အာမတ်နှင့် မော်လ၀ီ နူရ်အာမတ် (ဘ) ဦးအာမိရ်ဟမ်ဇား တို့ကို မောင်တော မြို့မှ ပစ္စည်း ၀ယ်၍ ပြန်လာနေစဉ် ဘူးသီးတောင် စစ်ဗျူဟာ ဂိတ်အနီး ကားရပ်ခိုင်းပြီး အကြောင်းမဲ့ ဖမ်းဆီး၍ တစ်ညတာ ချုပ်နှောင်ထားခဲ့ပြီး ငွေကျပ် ၄၅၀၀၀/- တန် ဖုန်းဟန်းဆက် ၉ လုံးနှင့် ငွေကျပ် ၁၂ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ စ၍ ဘူးသီးတောင် မြို့နယ် အမှတ် (၁) အနောက်ရပ်ကွက်တွင် တာဝန်ထမ်းဆောင် နေသည့် စာရေးမ ဒေါ်လှလှခိုင်သည် အိမ်ခွန် ပြေစာများကို ဒေသခံများအား သတ်မှတ်ဈေး (၉) ကျပ် နှုန်းအတိုင်း မကောက်ခံဘဲ ပြေစာ တစ်စောင်လျှင် ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ် အထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ အနောက် ရပ်ကွက်တွင် ရိုဟင်ဂျာ အိမ်ခြေ ၅၀၀ ခန့် ရှိသည်။

Comment ရေးရန်

Rohingya Exodus