နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲများက ဒေသခံများကို လူမဆန်စွာ ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်ထား




MYARF
RB News
17.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်နှင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ တို့မှ အပြစ်မဲ့ ဒေသခံ များကို နယ်ခြားစောင့် ရဲများက လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့ နံနက် ၆ နာရီ အချိန်တွင် မောင်တော ခရိုင် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ လိပ်ရ ကျေးရွာ အုပ်စု၊ တောင်ရွာနေ ဦးနူရ်အာလာမ် (ဘ) ဦးဆောယာဒ်အာလာမ် (အသက် ၄၁ နှစ်) သည် ချောင်းတွင် ပုဇွန်သားပေါက် ရှာဖွေရန် သွားနေစဉ် လိပ်ရ ချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများ အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်ပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းကို လိပ်ရ ကျေးရွာ အုပ်ချုပ်ရေးမှူးက တာဝန်ခံခဲ့ရာ ပြန်လည် လွှတ်ပေးခဲ့သော်လည်း နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် ယခုအချိန်ထိ အိပ်ရာပေါ်တွင် လှဲနေရသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးနူရ်အာလောမ်သည် အလွန်ဆင်းရဲသူ တစ်ဦး ဖြစ်ပြီး ဆေးကုသမှု ခံယူရန်လည်း မတတ်နိုင်၍ အိပ်ရာထဲတွင် လှဲနေရသည့် အတွက် မိသားစု စားဝတ်နေရေး ဒုက္ခရောက် နေရသည်ဟု ဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နံနက် ၈း၃၀ နာရီတွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာ အုပ်စု ဗျူဟာမှူးရွာနေ ဦးကော်ရီမူလ္လာ၏ ငါးဖမ်း စက်လှေ တစ်စီးသည် ကံပူးချောင်းမှ ပင်လယ်ပြင်သို့ ထွက်ခွာနေစဉ် ကံပူးချောင်းဝရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲတစ်ဦးက လှမ်းအော်သည်ကို မကြား၍ ဆက်သွားခဲ့ရာ နယ်ခြားစောင့်ရဲ (၄) ဦးနှင့် ၎င်းတို့၏ ပွဲစားဖြစ်သူ အာယာတူလ္လာ (ဘ) ဦးကာဒိရ်ဟူစိန်း (ကျော်ဇေယျာဦး၏ ညီ) တို့လိုက်သွား၍ ငါးဖမ်းစက်လှေကို ဖမ်းဆီးပြီး တံငါသည် ၁၅ ဦးကို လူမဆန်စွာ ရိုက်နှက်၍ စခန်းတွင် ချုပ်နှောင် ထားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus