နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင်နှင့် မောင်တောမှ ကျွဲ၊ နွား ကယ်ရီသမား (၁၈) ဦး ဖမ်းဆီးခံရ




MYARF
RB News
13.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း အနီးရှိ တောတောင်ထဲမှ မောင်တောမြို့သို့ ကျွဲ၊ နွားများ ပို့နေသည့် ဒေသခံ (၁၈) ဦးကို တပ်မတော်သား များက ဖမ်းဆီး၍ နယ်ခြားစောင့် ရဲများသို့ အပ်နှံခဲ့ပြီး၊ အသက် မပြည့်သူ (၈) ဦးကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးလိုက်သော်လည်း ကျန်သည့် ဒေသခံ (၁၀) ဦးကို ဆက်လက် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။

မတ်လ (၉) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ် ဖရုံချောင်း အနီးရှိ တောတောင်ထဲတွင် တပ်မတော် ၄၀ ခန့် ကင်းလှည့်နေစဉ် ဒေသခံ (၁၈) ဦးကို ကျွဲ၊ နွား ၁၆ ကောင်နှင့် ဖမ်းဆီးခဲ့သည်။ ထို့နောက် တပ်မတော်သားများက နွားတစ်ကောင်ကို သတ်ဖြတ်၍ စားသောက်ခဲ့သည်။

မတ်လ (၁၀) ရက်နေ့တွင် အဆိုပါ ဒေသခံ (၁၈) ဦးကို ကျွဲ၊ နွား ၁၅ ကောင်နှင့် အတူ ညောင်ချောင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည်။ ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများက ဖမ်းဆီးခံရသူ (၁၈) ဦးထဲမှ အသက် (၁၈) နှစ် မပြည့်သူ (၈) ဦးကို ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ ကျန်သည့် ဒေသခံ (၁၀) ဦးကို မတ်လ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင် ရဲစခန်းသို့ ပို့ဆောင်ခဲ့သည်။

ကျွဲ၊ နွားများကို ညောင်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ထိန်းသိမ်း ထားကြောင်း ဒေသခံများက RB News သို့ပြောသည်။ ၎င်း ကျွဲ၊ နွားများမှာ ညောင်ချောင်းမှ သားသတ်လိုင်စင်ရ ဦးကုလားမောင် (ဘ) ဦးမောင်ကြီး (ရခိုင်လူမျိုး) ၏ ကျွဲ၊ နွားများ ဖြစ်သည်။ ဖမ်းဆီးခံထားရသူများမှာ ဘုရားပြင်အောင်ပ ကျေးရွာမှ ဆင်းရဲသားများ ဖြစ်ပြီး၊ ကျွဲ၊ နွားများကို တောင်ကြားလမ်းမှ တစ်ဆင့် မောင်တောမြို့နယ် တောင်ပိုင်းသို့ ပို့ပေးသော အလုပ်သမားများ ဖြစ်သည်။ ၎င်းတို့သည် ကျွဲ၊ နွားများကို မောင်တောမြို့သို့ ပို့ပြီး ချက်ချင်း ပြန်သွားလေ့ ရှိသူများ ဖြစ်သည်။

ဖမ်းဆီးခံထားရသူ အချို့မှာ --

(၁) ဦးအီလီယာစ် (ဘ) ဦးအဒူကာဒဲရ် (အသက် ၃၅ နှစ်) -- ဘုရားပြင်အောင်ပရွာမှ
(၂) အဒူရော်ရှိတ် (ဘ) ဦးအဒူရော်ကိမ် (အသက် ၂၂ နှစ်) -- ဘုရားပြင်အောင်ပရွာမှ
(၃) အဒူကော်ရီးမ် (ဘ) ဦးဇော်ဟိရ်အူဒင် (အသက် ၁၉ နှစ်) -- ဘုရားပြင်အောင်ပရွာမှ
(၄) ဦးအဒူဂေါ်နီ (ဘ) ဦးဟာဘီအုလ္လာ -- ဘုရားပြင်အောင်ပရွာမှ --

နှင့် မောင်တောမြို့နယ် သရေကုန်တန်းရွာမှ ဒေသခံ (၃) ဦးအပါအ၀င် စုစုပေါင်း (၁၈) ဦး ဖြစ်သည်။

အသက် (၁၈) နှစ် မပြည့်သေး၍ ငွေကျပ် တစ်သိန်းစီ ညှစ်ခံရပြီး ပြန်လည် လွှတ်မြောက်လာသူ များမှာ --

(၁) ဖာရုခ် (ဘ) ဦးအလီဟူစိန်း
(၂) အေနာယား (ဘ) ဦးအစ္စလာမ်
(၃) ဂျူနိုက် (ဘ) ဦးဘူဆာယား
(၄) ဆာဒဲခ် (ဘ) ဦးအဒူလ္လာ
(၅) ဖူတူးယား (ဘ) ဦးဒေဘာဟာလ္လာ
(၆) အဒူဘာဆဲရ် (ဘ) ဦးအဒူဇော်လိလ်
(၇) ဖူတိယား (ဘ) ဦးဟာဆောင်း
(၈) ?? -- တို့ဖြစ်သည်။
အာဏာပိုင်များက ဒေသခံ ရိုဟင်ဂျာ များ၏ သွားလာရေးကို ပိတ်ပင် ထားသဖြင့် ရိုဟင်ဂျာများ အလုပ်လက်မဲ့ ဖြစ်နေရပြီး စားဝတ်နေရေး အတွက် အခက်ကြုံနေရသည်။ ပိတ်ဆို့ ကန့်သတ်မှု များကြောင့် အန္တရာယ်များသည့် အလုပ်မျိုးကိုပါ မရှောင်ဘဲ လုပ်ကိုင်၍ မိသားစု စားဝတ်နေရေးကို ဖြေရှင်းနေရသည်။

Comment ရေးရန်

Rohingya Exodus