နောက်ဆုံးသတင်း/ဆောင်းပါးများ

ခြင်းသမား ကျေးရွာ ဆွဲ၊တင်၊စစ် ရှောင် ရွာသားများနှင့် နယ်ခြားစောင့် ရဲများ ထိပ်တိုက်တိုး




RB News
7.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာ အုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့ထိပ်တိုက်တိုးပြီး အခင်းဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၆) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် နယ်ခြားစောင့် ရဲများသည် ဘူးသီးတောင် မြို့နယ် ခြင်းသမား ကျေးရွာအုပ်စု၊ မောင်နူရွာမှ ဆွဲ၊တင်၊စစ် ရှောင် ကျေးရွာသားများ ခိုလှုံလျက် ရှိသည့် မောင်နူရွာ အရှေ့ဘက်ရှိ အန်ဒါရီဂူနာ ဟုခေါ်သည့် တောင်ခြေရင်းသို့ သွားရောက်၍ ကျေးရွာများနှင့် ထိပ်တိုက်တွေ့ ခဲ့ပြီး၊ အခင်း ဖြစ်ပွားမည့် သဏ္ဍန် ဖြစ်ပွားခဲ့သော်လည်း နောက်ဆုံးတွင် နယ်ခြားစောင့် ရဲများက ဆုတ်ခွာလာခဲ့သလို၊ ကျေးရွာသားများလည်း နောက်ဆုတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများသည် တောင်ခြေရင်းမှ ပြန်လာပြီးနောက် မောင်နူရွာရှိ မော်လ၀ီ မာမတ်ရော်ဖိခ် (ဘ) ဦးမာမတ် အာလာမ်ကို လက်ထိပ်ခတ်၍ ဖောင်တော်ပြင်ရှိ ကင်းစခန်းသို့ ခေါ်ဆောင် သွားပြီး ချုပ်နှောင်ထားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်လျက် ရှိကြောင်း သိရသည်။

ဒေသခံများက ဤကဲ့သို့ ဆွဲ၊တင်၊စစ် ကို မတရားသဖြင့် စစ်ဆေးခြင်းသည် ဒေသခံ ရိုဟင်ဂျာများ၏ အိမ်ထောင်စု စာရင်းများ ရှုပ်ထွေးလာစေရန်၊ ရိုဟင်ဂျာ လူမျိုးများကို အတင်း အဓမ္မ ခိုးဝင် ဘင်္ဂလီများ အဖြစ် အသက်သွင်းနိုင်ရန်နှင့် ငွေညှစ်ရန် ပြုလုပ်နေခြင်း ဖြစ်သည့် အတွက် အစစ်ဆေးခံရန် လုံးဝ ဆန္ဒမရှိကြဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus