နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့နယ်တွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိ



MYARF
RB News
13.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွာသစ်ကေ ရပ်ကွက်နှင့် ဖားဝပ်ချောင်း ကျေးရွာ တို့တွင် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးနှင့် မ.က.ဖ တို့ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ဒေသခံများ ထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ရွာသစ်ကေ ရပ်ကွက် (အမှတ် ၅ ရပ်ကွက်) တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဘာဆဲရ်နှင့် မ.က.ဖ တို့ပူးပေါင်း၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ မွေးတိုး ၁၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၃၀၀၀၀ ကျပ် အထိ ကောက်ခံသည်ဟု ဆိုသည်။ ပြောင်းရွှေ့ ၃၀၀၀၀ ကျပ်မှ အုပ်ချုပ်ရေးမှူးက ငွေကျပ် ၂၀၀၀၀ ယူ၍ မ.က.ဖ များက ငွေကျပ် ၁၀၀၀၀ ယူကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဖားဝပ်ချောင်း ကျေးရွာတွင်လည်း မ.က.ဖ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံ ဦးကာမာလ်ဟူစိန်းတို့ ပူးပေါင်း၍ ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် မွေးတိုး ၃၀၀၀ ကျပ်၊ ပယ်ဖျက် ၃၀၀၀ ကျပ်၊ ပြောင်းရွှေ့ ၂၅၀၀၀ ကျပ်၊ မ.က.ဖ စားစရိတ်နှင့် ဓါတ်ပုံ ရိုက်ခဟု ဆို၍ ငွေကျပ် ၃၀၀၀ စီကောက်ခံကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus