နောက်ဆုံးသတင်း/ဆောင်းပါးများ

တရားဝင် ခွင့်ပြုချက်ဖြင့် ဆေးကုသရန် ခရီးသွားသူထံမှ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများက ငွေညှစ်



Rohingya Eye
RB News
21.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း အောက်ပြူးမ ကျေးရွာမှ ဒေသခံ အမျိုးသမီး တစ်ဦးသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ တရားဝင် ခွင့်ပြုချက်ဖြင့် ဆေးကုသရန် ခရီးသွား ခဲ့သော်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောက်ပြူးမ (ဟာဆာရ်ဘီးလ်) ရွာမှ ဦးနူရူ၏ အသက် ၂၀ နှစ် အရွယ် သမီးဖြစ်သူသည် ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ တရားဝင် ခွင့်ပြုချက် ရယူပြီး တဖက်နိုင်ငံသို့ ဆေးကုသရန် သွားခဲ့သည်။ ဦးနူရူ၏ သမီးဖြစ်သူ ဆေးကုသပြီး ပြန်လည် ရောက်ရှိလာသည်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘသိန်းနှင့် ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရုံးမှ နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဧပြီလ (၁၉) ရက်နေ့ ညနေ ၄း၄၅ နာရီ အချိန်တွင် ဦးနူရူ၏ နေအိမ်သို့ သွားရောက်၍ ၎င်း၏ သမီးက တရားမ၀င် ပစ္စည်းများကို တဖက်နိုင်ငံမှ တရားမ၀င် ပစ္စည်းများ သယ်ဆောင်လာသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ နေအိမ်အနှံ့ ရှာဖွေခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း စွပ်စွဲမှုနှင့် ပတ်သက်၍ ဦးတာန်ဒါမျာ (ဘ) ဦးရော်ဇက်အလီ (အသက် ၈၀ နှစ်) ၏ နေအိမ်သို့ သွားရောက်ပြီး ထပ်မံ ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

သို့သော်လည်း ဆေးကုရန် ခရီးသွားခဲ့သည့် အမျိုးသမီးကို ခြိမ်းခြာက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့သည့် အပြင် အိမ်သုံး အင်ဗာတာ တစ်လုံးကိုလည်း လုယက်ယူဆောင် သွားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus