နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ကင်းစခန်း ဆောက်ရန် သိမ်းဆည်းခံ မြေအတွက် လျော်ကြေးမပေး



MYARF
RB News
18.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာတွင် နယ်ခြားစောင့် ရဲကင်းစခန်း ဆောက်လုပ်ရန် ဒေသခံ တစ်ဦး၏ မြေနေရာကို သိမ်းဆည်း ပြီးနောက် လျော်ကြေး ပေးမည်ဟု ပြောဆို ခဲ့သော်လည်း လျော်ကြေး မပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

မတ်လ (၁၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွဲ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နယ်ခြားစောင့်ရဲများ အချင်းချင်း သေနတ် ပစ်ခတ်၍ နယ်ခြားစောင့်ရဲ (၃) ဦး သေဆုံးခဲ့ရပြီးနောက် ၎င်းရဲကင်းစခန်းကို အခြားနေရာသစ် တစ်ခုသို့ ပြောင်းရွှေ့၍ ဆောက်လုပ်ခဲ့သည်။ စခန်းသစ် ဆောက်လုပ်သည့် နေရာမှ သင်္ဘောကွဲ ကျေးရွာမှ ဦးအဒူလော်တီ (ဘ) ဦးနိုရာ ပိုင်ဆိုင်သော စားကျက်မြေ ဖြစ်သည်။

စခန်း ဆောက်လုပ်စဉ် အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးက မြေပိုင်ရှင် ဖြစ်သူ ဦးအဒူလော်တီကို ကာလ ပေါက်ဈေး အတိုင်း လျော်ကြေး ပေးသွားမည်ဟု ပြောဆိုခဲ့သည်။ ယခုအခါ စခန်း ဆောက်လုပ် ပြီးစီးသွားသော်လည်း မြေပိုင်ရှင် ဖြစ်သူ ဦးအဒူလော်တီကို လျော်ကြေးငွေ တစ်ကျပ် တစ်ပြားမှ မပေးကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus