နောက်ဆုံးသတင်း/ဆောင်းပါးများ

လူကုန်ကူးမှု တားဆီးရေး အဖွဲ့က ဒေသခံ နှစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်




MYARF
RB News
18.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ဒေသခံ နှစ်ဦးကို ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၇) ရက်နေ့က ဘူးသီးတောင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး အဖွဲ့နှင့် ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်း တို့ပူးပေါင်း၍ ဒေသခံ နှစ်ဦးဖြစ်သည့် ဦးအဒူရာမန် (ဘ) ဦးအော်လီဘောက်ရှုး (အသက် ၆၀ နှစ်) နှင့် ဦးဖော်ဇော်လ် (ဘ) ဦးအဒူနော်ဘီ (အသက် ၇၀ နှစ်) တို့ကို ၎င်းတို့၏ သားများ မလေးရှား နိုင်ငံသို့ သွားရောက်နေသည်ဟု ဆို၍ ငွေညှစ်ရာ ၎င်းတို့က ငွေပေးရန် ငြင်းဆန်သဖြင့် လူကုန်ကူးမှု ပုဒ်မနှင့် ထောင်ဒဏ် အပြစ်ပေးမည်ဟု ခြိမ်းခြောက်၍ ဦးအဒူရာမန် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်းနှင့် ဦးဖော်ဇော်လ် ထံမှ ငွေကျပ် လေးသောင်း ငါးထောင် ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus