နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျေးရွာ တာဝန်ခံနှင့် နယ်ခြားစောင့် ရဲများက ဒေသခံ နှစ်ဦးထံမှ ငွေညှစ်



Rohingya Eye
RB News
25.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးဆုလ်တာန်သည် ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်ခဲ့ပြီး၊ မြို့မတောင် ရပ်ကွက်ရှိ နယ်ခြားစောင့် ရဲကင်း စခန်းကလည်း ဒေသခံ တစ်ဦးကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဖြစ်သူ ဂေါ်ဒူသာရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ လူယုံတော် ဦးဆုလ်တာန်သည် ဧပြီလ (၂၂) ရက်နေ့က ဆိုင်ကယ် ကယ်ရီ သမား တစ်ဦးဖြစ်သည့် ဦးဟာရှိမ်းမူလ္လာ (ဘ) ဦးမော်တူရာမန်ကို ရိုက်နှက်၍ အိတ်ထဲရှိ ငွေများ လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဖြစ်ပွားပုံမှာ ယင်းနေ့တွင် အလယ်သံကျော် ကျေးရွာအုပ်စု၊ ဘာဇားရ်ဖာရာမှ မော်တော်ဆိုင်ကယ် ကယ်ရီ အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးဟာရှိမ်းမူလ္လာသည် ဘဂုံးနားမှ ခရီးသည် တစ်ဦးကို တင်ဆောင်၍ အလယ်သံကျော် ကျေးရွာသို့ သွားနေစဉ် ဂေါ်ဒူသာရ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများက အနှောက်အယှက် ပေးမည်ကို စိုးရိမ်၍ ခရီးသည် ဖြစ်သူကို ဆင်းခိုင်းပြီး စခန်းကို ရှောင်၍ သွားခိုင်းခဲ့ရာ ဦးဆုလ်တာန်က တွေ့ရှိခဲ့ပြီး ခရီးသည် ဖြစ်သူကို ခေါ်ရာ မလာသဖြင့် ဆိုင်ကယ် ကယ်ရီသမားကို ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားပြီး ရိုက်နှက်ကာ အိတ်ထဲတွင် ပါလာသည့် ငွေကျပ် နှစ်သောင်းကိုလည်း လုယက်ခဲ့သည်။ 

ဧပြီလ (၂၀) ရက်နေ့ကလည်း ဒုချီးရာတန်း ကျေးရွာမှ ဦးအာမီးန်အုလ္လာ (အသက် ၅၀ နှစ်) သည် ညနေ (၅) အချိန်တွင် မြို့ပေါ် မြို့မတောင် ရပ်ကွက်၊ ဗိုလ်မှူးရွာသို့ အလည် သွားနေစဉ် ဒေါက်တာခင်မောင်လတ်၏ နေအိမ်ရှေ့ နယ်ခြားစောင့် ရဲကင်းစခန်းမှ ထိန်းသိမ်း၍ ရှာဖွေခဲ့ရာ မည်သည့် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာမှ မတွေ့ရှိသော်လည်း ၎င်း၏ အိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်ကာ ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus