နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျောင်းသား (၅) ဦး တဖက်နိုင်ငံသို့ သွားရောက်၍ တစ်နှစ်တိတိ နေခဲ့ဟု လ.၀.က မှ စွပ်စွဲ



MYARF
RB News
29.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် လ.၀.က တိုက်နယ် တာဝန်ခံတို့က ကျောင်းသား (၅) ဦးကို ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားပြီး တစ်နှစ်တိတိ နေ၍ ပြန်ရောက်လာခဲ့သည်ဟု စွပ်စွဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၂၃) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် လ.၀.က ရုံးမှ ဖရုံချောင်း တိုက်နယ် တာဝန်ခံသည် ဖရုံချောင်း ကျေးရွာအုပ်စု၊ ပြိုင်းတောင် ရွာသို့ သွားရောက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အာဏာပိုင်များ၏ သတင်းပေး ဦးဆော်လီမူလ္လာ၊ ရုံးစာရေးတို့နှင့် တွေ့ဆုံ၍ ၎င်းတို့နှင့် အတူ ယင်းရွာမှ ဒုတိယနှစ် တက္ကသိုလ် ကျောင်းသား မာမတ်အာနောစ် (ဘ) ဦးဇော်ကော်ရီယာ (အသက် ၂၅ နှစ်) နှင့် ၁၀ တန်း ကျောင်းသား မာမတ်ဟာဆောင်း (ဘ) ဦးမာမတ်အလီ တို့အပါအ၀င် ကျောင်းသား (၅) ဦးကို ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ တရားမ၀င် သွားရောက်ပြီး တစ်နှစ်တိတိ နေ၍ ပြန်ရောက်လာခဲ့သည်ဟု စွပ်စွဲ၍ အဆိုပါ ကျောင်းသားများကို ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ၎င်းတို့၏ မိဘများအား ခေါ်၍ သားဖြစ်သူများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ခဲ့သည့် အတွက်ကြောင့် မြို့နယ် လ.၀.က ဦးစီးမှူးနှင့် တွေ့ဆုံရမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မိဘများက ၎င်းတို့၏ သားများ မည်သည့် အခါကမှ ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ခဲ့ခြင်း မရှိခဲ့၍ ခေါ်သည့်နေရာသို့ သွားရောက်၍ မည်သည့် အရာရှိ မဆိုနှင့် တွေ့ဆုံ၍ ဖြေရှင်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus