နောက်ဆုံးသတင်း/ဆောင်းပါးများ

ကားတိုက်၍ သေဆုံးသူ နစ်နာကြေး မရ၊ ယာဉ်မောင်းကိုလည်း အရေးမယူ



MYARF
RB News
7.4.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်မှ ယာဉ်နောက်လိုက် တစ်ဦးကို ယာဉ်မောင်းက ကားနောက်ဆုတ်နေစဉ် တိုက်မိပြီး သေဆုံး သွားသော်လည်း နစ်နာကြေး ပေးခြင်းမရှိသလို၊ ယာဉ်မောင်းကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ့ခြင်း မရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်၊ အမှတ် (၅) ရပ်ကွက်မှ ဦးမာမတ်ရော်ဖိခ် (ဘ) ဦးအီဒီရိစ်သည် ဘူးသီးတောင် မြို့နယ်မှ ရခိုင် လူမျိုး တစ်ဦးမောင်းသည့် Lifan ကားတွင် ယာဉ်နောက်လိုက် အဖြစ် လိုက်လေ့ရှိသည်။ ဧပြီလ (၁) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါကားတွင် သစ်များတင်၍ မောင်တောမြို့နယ် တောင်ပိုင်း ကံပူး ကျေးရွာ၏ အရှေ့ဘက်ရှိ တပ်မတော် တပ်ရင်း၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့သည်။ ထိုနေရာတွင် ကားနောက်ဆုတ်ရန် ဦးမာမတ်ရော်ဖိခ်က ကားနောက်မှ ယာဉ်မောင်းအား လမ်းပြနေစဉ် ယာဉ်မောင်းက ကားကို တဟုန်ထိုး မဆင်မခြင် မောင်း၍ နောက်ဆုတ်ခြင်းကြောင့် ဦးမာမတ်ရော်ဖိခ်ကို တိုက်မိပြီး ထိုနေရာတွင်ပင် ပွချင်းပြီး သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ယာဉ်မောင်းဖြစ်သူက ဦးမာမတ်ရော်ဖိခ်၏ ရုပ်အလောင်းကို ကားပေါ်တင်၍ ဘူးသီးတောင် မြို့နယ်သို့ သယ်ဆောင်လာပြီး မိဘများထံ အပ်နှံခဲ့သည်။ ယာဉ်မောင်း ဖြစ်သူနှင့် ကားပိုင်ရှင်တို့က ဦးမာမတ်ရော်ဖိခ်၏ မိဘများကို နစ်နာကြေး တစ်စုံတစ်ရာ ပေးခြင်းမရှိသလို ယာဉ်မောင်းဖြစ်သူမှာ ရခိုင်လူမျိုး ဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်များက မည်သို့မျှ အရေးယူခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus