နောက်ဆုံးသတင်း/ဆောင်းပါးများ

မေလတွင် ကျင်းပမည့် အော်စလို ကွန်ဖရင့်နှင့် ပတ်သက်၍ ထုတ်ပြန် ကြေညာချက်



“ထုတ်ပြန်ကြေညာချက်”

ရိုဟင်ဂျာများအပေါ် မြန်မာ၏ နှိပ်ကွပ်မှု အဆုံးသတ်ရေးအတွက် အော်စလိုကွန်ဖရင့်

ကျင်းပမည့်နေရာ: The Nobel Institute & Voksenaasen
Oslo, Norway

ရက်စွဲ: ၂၆-၂၈ မေလ ၂၀၁၅


အပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များ အဖွဲ့(RI)၊ အားလုံး အတွက် တရားမျှတမှု (USA)၊ အောက်စဖို့ဒ် ဆင်းရဲ မွဲတေမှုနှင့် လူသား ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်း အဖွဲ့(OPHI)၊ ဟားဗတ် ကမ္ဘာလုံး ဆိုင်ရာ တန်းတူညီမျှမှု စီမံကိန်းအဖွဲ့(HGEI)၊ ကွင်းမေရီ လန်ဒန် တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ နိုင်ငံတော်မှ ကျူးလွန်သော ရာဇ ဝတ်မှုများ ဆိုင်ရာ စီမံကိန်း အဖွဲ့ နှင့် နော်ဝေ - မြန်မာ ကော်မတီ တို့သည် အရေအတွက် တသန်းကျော် ရှိသော မြန်မာပြည်မှ ရိုဟင်ဂျာ များ၏ ဘေးဒုက္ခကို ဆွေးနွေးရန်နှင့် ဆယ်စုနှစ် များစွာ ကြာမြင့် ခဲ့ ပြီ ဖြစ်သော ၄င်းတို့အပေါ် ဖိနှိပ် ညှင်းပန်းမှု များကို အဆုံးသတ်ရန် အတွက် သုံးရက်ကြာ အပြည်ပြည် ဆိုင်ရာ ကွန်ဖရင့်တခုကို ကျင်းပ သွားမည် ဖြစ်သည်။

နာဇီ သိမ်းပိုက် ထားသော ဟန်ဂေရီနိုင်ငံမှ ထွက်ပြေးလွတ်မြောက်ခဲ့သော ဂျော့ဂ်ျဆိုးရို့စ် (George Soros) သည် ၁၉၄၄ ခုနှစ်က နာဇီလက်အောက်ကျရောက်ခဲ့သော သူ့ဘဝ အတွေ့အကြုံများနှင့် မကြာမီကမှ သူ သွားရောက်လည်ပတ်ခဲ့ပြီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော မြန်မာပြည်အနောက်ပိုင်းမှ ရိုဟင်ဂျာများ၏ အခြေအနေများ အကြား တူညီမှုများ ရှိသည်ဟု မြင်သည်။

ကွန်ဖရင့်တွင် ဆိုးရို့စ်၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်များဖြစ်ကြသော မိုင်ရိဒ် မက်ဂွဲ(Mairead Maguire)၊ ဒက်စမွန်တူးတူး (Desmond Tutu)၊ ဟိုဆေး ရို့စ်ယိုတာ (Jose Ramos-Horta)၊ မလေးရှား ဝန်ကြီး ချုပ်ဟောင်း မဟာသီယာမိုဟာမက် (Mahathir Mohammad)၊ နော်ဝေဝန်ကြီးချုပ်ဟောင်း ခဲလ် မက်ငဲ ဘွန်ဒီဗစ် (Kjell Magne Bondevik) တို့သည် ရိုဟင်ဂျာမျိုးဆက်နှစ်ခုမှ ကိုယ်စားလှယ်များ၊ တက်ကြွ လှုပ်ရှားသူများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သုတေသီများ နှင့် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အစု လိုက် အပြုံလိုက် သတ်ဖြတ်မှုများဆိုင်ရာ ပညာရှင်များနှင့် လက်တွဲပူးပေါင်းကြမည်ဖြစ်သည်။ သူတို့ သည် မြန်မာ၏ ရိုဟင်ဂျာ ခွဲခြားနှိပ်ကွပ်သော မူဝါဒများကို အဆုံးသတ်ရေးအတွက် တွန်းအားပေးကြ မည်ဖြစ်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ ဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်ဟောင်း တော မတ်စ် အော်ဂျီယာ ကွင်တားနား (Tomas Ojea Quinta ) နှင့် လက်ရှိ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ယန်ဟီးလီ (Yanghee Lee) တို့သည်လည်း ၄င်းတို့၏ အတွေ့အကြုံ များကို တက်ရောက်လာသူ များနှင့် တကွ အခြား ပါဝင်သူများနှင့်ပါ နှီးနှော ဖလှယ်မည် ဖြစ်ကြသည်။

အော်စလို ကွန်ဖရင့် ပထမရက်ကို အများပြည်သူ တက်ရောက် နားထောင်နိုင်ရန် ဖွင့်ပေးမည် ဖြစ်ပြီး အင်တာနက် မှ တဆင့် တိုက်ရိုက် ထုတ်လွှင့် သွားမည် ဖြစ်သည်။

ကွန်ဖရင့် အစီအစဉ်ကို သိနိုင်ရန်အတွက် အောက်ပါ လင့်ခ်ကို ကလစ်နှိပ်ပါ။

https://www.facebook.com/OsloConferenceOnRohingyas/posts/960561500643487

အမည် စာရင်း ပေးသွင်းရန် ရီဂျစ်စတာလုပ်ရန်အတွက် အောက်ပါ လိပ်စာသို့ အီးမေးလ်ပို့ပါ။
OsloConference@yahoo.com.


သင့်အမည်အပြည့်အစုံ၊ သင်ပါဝင်ပတ်သက်သော အဖွဲ့အစည်း (ရှိခဲ့လျှင်) နှင့် သင်နေထိုင်သော တိုင်းပြည် တို့ကို ထည့်သွင်းရန် မမေ့ပါနှင့်။

သုံးရက်ကြာ ကွန်ဖရင့်

၂၆ မေ ၂၀၁၅ : ကွန်ဖရင့် ပထမဆုံးနေ့ - အများပြည်သူတက်ရောက်နိုင် - ကို The Nobel Institute and Voksenaasen conference center တွင် ကျင်းပမည်။

၂၇ မေ ၂၀၁၅ : ကွန်ဖရင့် ဒုတိယနေ့ - ဖိတ်ကြားခံရသူများသာ တက်ရောက်နိုင် - တွင် ရိုဟင်ဂျာများ၏ အခြေခံလူ့အခွင့်အရေးများ၊ လူမျိုး နှင့် နိုင်ငံသားအဖြစ် တို့ကို ပြန်လည် ဆောင်ကြဉ်းပေးနိုင်ရန်အတွက် တွန်းအားပေး အထောက်အကူဖြစ်စေနိုင်မည့် အကြံဥာဏ်စိတ်ကူးစိတ်သန်းကောင်းများ နှင့် အဆိုပြုချက် များ ရှာဖွေလေ့လာခြင်းကို အဓိက အလေးထား လုပ်ဆောင်သွားမည် ဖြစ်သည်။

၂၈ မေ ၂၀၁၅ : ကွန်ဖရင့်နောက်ဆုံးနေ့ဖြစ်သော တတိယနေ့တွင် ကွန်ဖရင့်သည် ဘာမားဖိုရမ်တခု (Burma Forum) ကို စင်ထရယ် အော်စလိုတွင် ကျင်းပသွားမည်ဖြစ်သည်။ ယင်း အများပြည်သူပါဝင်သော စကားဝိုင်းတွင် ရိုဟင်ဂျာခေါင်းဆောင်များပါဝင်သော အဖွဲ့၊ အခြား ဘာသာရေးခေါင်းဆောင်များနှင့် လူ့ အခွင့်အရေးကျွမ်းကျင်သူများသည် မြန်မာနိုင်ငံ၏ မြင့်တက်လာသော မွတ်ဆလင်မုန်းတီးဆန့်ကျင်ရေး လှုံဆော်မှုများနှင့်အတူ အခြား အလားတူပတ်သက်ဆက်နွယ်သော ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ် သည်။ ဘားမားဖိုရမ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက နော်ဝေ-ဗမာ ကော်မတီ ( info@burma.no ) သို့ အီးမေးလ်း ပို့ကာ ဆက်သွယ်နိုင်ပါသည်။

အော်စလို ကွန်ဖရင့် ကျင်းပရခြင်း၏ နောက်ခံအကြောင်း

၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ရိုဟင်ဂျာများ၏ ကိုယ်ပိုင်အမှတ်အသားနှင့် သူတို့၏ ဘိုးဘွားပိုင်မြေပေါ်တွင် တရားဝင်အခြေစိုက်နေထိုင်ခွင့် နှစ်ရပ်စလုံးကို ဖျောက်ဖျက်ရန် “Rakhine Action Plan” ဟု သိကြသော အသေးစိတ် စီမံကိန်းတခုကို မြန်မာအစိုးရက ထုတ်ဖော်လာသည်။ သမ္မတ၏ အကြံပေး ပညာ ရှင်ဟောင်း ဒေါက်တာကျော်ရင်လှိုင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်ဟောင်း ခင်ရီ နှင့် ရခိုင်ပြည် နယ်ဝန်ကြီးချုပ် အငြိမ်းစား ဗိုလ်ချုပ် မောင်မောင်အုန်း တို့ပါဝင်သော သုံးဦးပါဝင်သော အဖွဲ့ကို စေလွှတ်ကာ အနောက်နိုင်ငံအစိုးရများနှင့် သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများအား ရိုဟင်ဂျာပြဿနာ ဖြေ ရှင်းရေးအတွက် မြန်မာအစိုးရ၏ တရားဝင် စီမံကိန်းကို လက်ခံလာစေရန် စည်းရုံးစေခဲ့သည်။

သိန်းစိန်၏ မြန်မာအစိုးရသည် လက်တွေ့တွင်လည်း ထို Rakhine Action Plan ကို အကောင် အ ထည်ဖော်လျက်ရှိသည်။ ဤအချက်ကို ထင်ရှားစေသည်မှာ ယခုနှစ် မတ်လမှစပြီး ရိုဟင်ဂျာများ၏ တရား ဝင်နေထိုင်ခွင့်နှင့်ပတ်သက်သည့် တခုတည်းသော စာရွက်စာတမ်းအထောက်အထားဖြစ်သည့် ဝှိုက်ကဒ် များကို ဖိအားပေး ပြန်လည်သိမ်းဆည်းခြင်းအားဖြင့် ရိုဟင်ဂျာအများစုအား တရားမဝင်နေထိုင်သူ များဖြစ်စေရန် နှင့် ရွေးကောက်ပွဲမဲပေးခွင့်မရှိစေရန် ဆက်လက်လုပ်ဆောင်ခြင်းများမှ တဆင့် သိသာ ထင်ရှားစေခြင်းဖြစ်သည်။ တချိန်တည်းမှာပင် အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကို တရုတ်-မြန်မာ နယ်စပ်တလျှောက် မြန်မာစစ်တပ်နှင့် ကိုးကန့်တရုတ်လက်နက်ကိုင်တပ်များ၊ ၄င်းတို့၏ မဟာမိတ်အကြား တိုက်ပွဲများ၊ အလားတူ ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲအမီ စစ်တပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ရန် အောင်ဆန်းစုကြည်၏ လောဆော်မှုများထံသို့ အာရုံလွှဲထားသည်။

ရိုဟင်ဂျာများတည်ရှိမှုအပေါ် မြန်မာအစိုးရ၏ တရားဝင် ငြင်းဆိုသော မြန်မာအစိုးရ မူဝါဒနှင့် ရိုဟင်ဂျာများအပေါ် နှိပ်ကွပ်မှု

၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရိုဟင်ဂျာများအပေါ် ကြီးကြီးမားမား အကြမ်းဖက်ခဲ့မှုကြီးအပြီး မြန်မာနိုင်ငံ၏ “ပြုပြင်ပြောင်းလဲရေး”အစိုးရသည် လာရောက်လည်ပတ်သော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာ မင်းကြီး အန်တိုနီယို ဂူထရီစ်ကို ရိုဟင်ဂျာပြဿနာဖြေရှင်းရန် နည်းလမ်း နှစ်ခုကို အဆိုပြုခဲ့သည်။ တနည်းမှာ ရိုဟင်ဂျာများကို တတိယနိုင်ငံများတွင် အခြေချနေထိုင်ခွင့်ပေးရေး ဖြစ်ပြီး (ထိုသို့မဟုတ်က) နောက် တ နည်းမှာ ရိုဟင်ဂျာများကို မြန်မာနိုင်ငံ အနောက်ပိုင်းရှိ ၄င်းတို့ အစဉ်အဆက်နေ ထိုင်လာ ရာ မြေပေါ်တွင် ပင် ကုလသမဂ္ဂ ရန်ပုံငွေဖြင့် ထူထောင်သော စခန်းများတွင် ထားရှိရေး ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်က ဗြိတိန်နိုင်ငံ လန်ဒန်ရှိ အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အဖွဲ့အစည်း (Chatham House) တွင် ပြောကြား ခဲ့ပြီး ကျယ်ပြန့်စွာ သတင်းထဲတွင် ဖော်ပြခံခဲ့ရသော မိန့်ခွန်းထဲတွင် မြန်မာသမ္မတ သိန်း စိန်သည် ရိုဟင်ဂျာများသည် တရားဝင်အခြေချနေထိုင်သူများ ဖြစ်ခြင်းကိုလည်းကောင်း၊ တိုင်းရင်းသား မျိုးနွယ်စု တခုဖြစ်ခြင်းကိုလည်းကောင်း ရိုဟင်ဂျားများ၏ တည်ရှိမှုကို တရားဝင်ငြင်းဆိုသွားခဲ့သည်။ တချိန် တည်းမှာပင် သူ၏ အစိုးရသည် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ နိုင်ငံခြား မစ်ရှင်များ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အ ထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂ အရာရှိများ အား ရိုဟင်ဂျာများကို မြန်မာပြည်မှ တိုင်းရင်း သား မျိုးနွယ်စုတခုအဖြစ် အသိအမှတ်ပြုလက်ခံနေခြင်းမှ ရပ်တန့်စေရေးအတွက် ဖိအားပေးရန် ကြိုးပမ်း မှုများကို စိုက်လိုက်မတ်တတ် ပြုမူလက်ရှိသည်။

ထိုသို့သော ထုတ်ပြန်ကြေညာချက်များနှင့် မူဝါဒများသည် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်း မှ ပြင်း ထန်သော ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရသည်။ ထိုအထဲတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်း (Ban Ki-Moon) နှင့် အမေရိကန်သမ္မတ ဘရတ်အိုဘားမား (Barack Obama) တို့ကဲ့သော ထိပ်တန်းခေါင်းဆောင်များ ပါဝင်သည်။ ခွဲခြားဆက်ဆံမှုကင်းခြင်း၊ သာတူညီမျှအခွင့်အရေးများ၊ ဂုဏ်သိ က္ခာနှင့် အခြားမြန်မာပြည်မှ တိုင်းရင်းသားမျိုးနွယ်စုများနည်းတူ ညီမျှသော အခြေခံလေးစားမှုများကို ထိုက် တန်သော လူနည်းစုတိုင်းရင်းသားတစုအဖြစ် ရိုဟင်ဂျာများကို အပြည်ပြည်ဆိုင်ရာမှ အသိအ မှတ်ပြုသော်လည်း ယင်းနှင့် လုံးလုံးလျားလျား ဆန့်ကျင်ကာ မြန်မာ ဗုဒ္ဓဘာသာလူများစုနှင့် ရခိုင်အမျိုး သားရေးဝါဒီများက ရိုဟင်ဂျာများကို ဆင်းရဲမွဲတေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ခိုးဝင်လာသော တရားမ ဝင် ပြောင်းရွှေနေထိုင်သူ မွတ်စလင်များဟု တံဆိပ်ကပ်လျက်ရှိသည်။ ထိုသို့လျှင် ရိုဟင်ဂျာများကို လူသား အဖြစ်မှ နှိမ့်ချကာ ဗိုင်းရပ်စ်များ၊ မျှော့များ၊ ဘီလူးများ၊ ခွေးများ စသည့် အခေါ်အဝေါ်မျိုးစုံဖြင့် သမုတ် ကြလေသည်။

ဝမ်းနည်းစရာကောင်းသည်မှာ အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဲ့သို့သော ဒီမိုကရေစီ ဘက်တော်သား အတိုက်အခံခေါင်းဆောင်များနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ လူ့အခွင့် အရေးခေါင်းဆောင်ကြယ်ပွင့်များဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များသည်လည်း ထိုသို့သော ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓါတ်များကို မျှဝေလက်သင့်ခံနေကြသည်။ မြန်မာအစိုးရသည် ရိုဟင်ဂျာများ ၏ ဘေးဒုက္ခကို လူများစု ဗုဒ္ဓဘာသာရခိုင်များနှင့် မွတ်စလင်ရိုဟင်ဂျာများအကြားဖြစ်ပွားသော လူမျိုးရေး ပဋိ ပက္ခအဖြစ်လည်းကောင်း၊ အာဏာရှင်စနစ်မှ အကူးအပြောင်းတွင် မလွှဲသာမရှောင်သာ ဆက် ဆက် ကြုံတွေ့ရမည့် အကျိုးဆက်အဖြစ်လည်းကောင်း တမင်လှည့်ဖြားကာ ပုံဖော်လျက်ရှိသည်။ ရိုဟင်ဂျာ အဖွဲ့ အစည်းကို ကမ္ဘာလုံးဆိုင်ရာ အစ္စလာမ်အစွန်းရောက်ဝါဒနှင့်လည်းကောင်း၊ ပိုဆိုးသည်မှာ အကြမ်းဖက်ဝါ ဒနှင့်လည်းကောင်း ဆက်စပ်ရန် မြန်မာသမ္မတရုံးအဖွဲ့မှ ကြိုးပမ်းရာတွင် အခြေအမြစ်မရှိသော ထုတ်ပြန် စွတ် စွဲချက်များကို မှန်မှန်ကြီး လုပ်လေ့ရှိသည်။

ပိုမိုဆိုးရွားလာသော ရိုဟင်ဂျာများ၏ ဘေးဒုက္ခ

၂၀၁၂ ခုနှစ် ဇွန်လနှင့် အောက်တိုဘာလတို့တွင် ရိုဟင်ဂျာများအပေါ် စနစ်တကျအုပ်ဖွဲ့တိုက်ခိုက် မှု နှစ်ကြိမ်ဖြစ်ပွားပြီးနောက်ပိုင်းမှ စ၍ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာတို့၏ ဘေးဒုက္ခမှာ ပိုမိုဆိုးရွားလာခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လ ၉ ရက်နေ့ နေ့စွဲပါ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ တင်သော သူမ၏ အစီ ရင်ခံစာတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ပရော်ဖက်ဆာ ယန်ဟီးလီက ပြည်တွင်းဒုက္ခ သည်စခန်း ရှိ ရိုဟင်ဂျာဒုက္ခသည်များခံစားရသော ရွေးချယ်စရာ လမ်းနှစ်လမ်းကို ထည့်သွင်းဖော်ပြခဲ့သည်။ “မြန် မာပြည် တွင်းမှာပဲ နေပြီး သေ ဒါမှမဟုတ် လှေစီးပြီး ထွက်ပြေး”။ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီး၏ အဆိုအရ ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ၁၁ အ တွင်း မြန် မာနိုင်ငံမှ မလေးရှားနှင့် ထိုင်းနိုင်ငံများသို့ လှေစီးထွက်ပြေးလာကြသော မိန်းမနှင့်ကလေးများ အပါအဝင် ရိုဟင်ဂျာဒုက္ခသည်အရေအတွက်မှာ ၅၃ ၀၀၀ ခန့် ရှိသည်ဟူ၏။ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာမှ ဧည့်သည်များက ဒုက္ခသည်စခန်းအတွင်းအပြင် နှစ်ရပ်လုံးရှိ ရိုဟင်ဂျာများ နေ ရသောအခြေအနေများကို အကြီးအကျယ် ရှုတ်ချပြစ်တင်ထိုက်ကြောင်း ဖော်ပြခဲ့ကြ သည်။ မြန်မာသမ္မတ၏ ရခိုင်စုံစမ်းလေ့လာရေးကော်မရှင်မှ တင်ပြသော တရားဝင်အစီရင်ခံအရဆိုလျှင် ပင် မြန်မာပြည် အနောက် ပိုင်းရှိ အဓိက ရိုဟင်ဂျာမြို့ကြီးနှစ်မြို့ရှိ ဆရာဝန်နှင့် လူနာ အချိုးအစားများမှာ ၁း ၇၆၀၀၀ နှင့် ၁း ၈၃၀၀၀ တို့ ဖြစ်ကြသည်။ (နှိုင်းယှဉ်ပြရလျှင် မြန်မာတမျိုးသားလုံးအတွက် ပျမ်းမျှအ ချိုးအစားမှာ ၁း ၁၀၀၀ ဖြစ် သည်။)

နိုင်ငံတကာ တုန့်ပြန်မှုများ

လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများက ရိုဟင်ဂျာများအပေါ် မြန် မာ ၏ ပြုမူဆက်ဆံပုံကို “လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု” နှင့် “လူမျိုးတုန်း သတ်ဖြတ်မှု” များအဖြစ် အကဲဖြတ်သတ်မှတ်ကြသည်။ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသ မဂ္ဂ အထူးကိုယ်စားလှယ်များဖြစ်ကြသော တောမတ်စ် ကင်တားနားနှင့် ယန်းဟီးလီတို့က လည်း မြန် မာမွတ်စလင်များအပေါ် လူမျိုးရေးခွဲခြားမှုနှင့် အကြမ်းဖက်မှုများကို ခွင့်ပြုထားသော အစိုးရ၏ တရားဝင် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုများ သဘောသဘာဝကို ထောက်ပြခဲ့ကြသည်။ ပစိဖိတ်ရင်းမ် ဥပဒေနှင့်ပေါ်လစီ အဖွဲ့အစည်းကလည်း ယင်းတို့၏ ပညာရပ်ဆိုင်ရာ ဂျာနယ်ဖြစ်သည့် “ပစိဖိတ်ရင်းမ် ဥပဒေနှင့်ပေါ်လစီ ဂျာနယ်” (၂၀၁၄ နွေဦး)တွင် “မြန်မာရိုဟင်ဂျာများအပေါ် တငွေ့ငွေ့လောင်ကျွမ်းနေသည့် လူမျိုးတုန်း သတ်ဖြတ်မှု” ခေါင်းစဉ်ရ သုံးနှစ်တာ ပညာရပ်ဆိုင်ရာ လေ့လာမှုစာတမ်းကို ထုတ်ဝေခဲ့သည်။ လတ် တလော တွင်လည်း လန်ဒန်တက္ကသိုလ် နိုင်ငံတကာ နိုင်ငံတော်မှကျူးလွန်သော ရာဇဝတ်မှု သုတေသန စီမံကိန်းအဖွဲ့နှင့် ယေးလ်တက္ကသိုလ် လူ့အခွင့်အရေးဥပဒေမြှင့်တင်ရေး တို့မှ သီးခြားလွတ်လပ်သော သုတေသနအဖွဲ့အစည်းနှစ်ဖွဲ့သည် ရိုဟင်ဂျာများ၏အခြေအနေကို လူမျိုးတုန်းသတ်ဖြတ် မှုဘောင်အတွင်း မှ လေ့လာစုံစမ်းနေပြီဖြစ်သည်။

ဟားဗတ်တက္ကသိုလ်မှ (Amartya Sen) အမ္မာတိယ ဆင်းမ်ကဲ့သို့ ထင်ရှားသော ပညာရှင်များက ရိုဟင်ဂျာများအပေါ် မြန်မာ၏ ပြုမူဆက်ဆံပုံကို “တဖြည်းဖြည်း လူမျိုးတုန်းသတ်ဖြတ်မှု”ဟု သတ်မှတ်ကြ သည်။ လန်ဒန်စီးပွားရေးတက္ကသိုလ်တွင် ၂၀၁၄ ခုနှစ် ဧပြီလက ကျင်းပခဲ့သော ရိုဟင်ဂျာပြဿနာ ကွန်ဖရင့်စ် တွင်လည်း တာဝန်မှ ထွက်ခွာတော့မည့် မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ်မစ္စတာ ကင်တားနားက ရိုဟင်ဂျာများကိစ္စနှင့်ပတ်သက်၍ “လူမျိုးတုန်းသတ်ဖြတ်မှု အပြုအမူ များ”ကို လေ့လာတွေ့ရှိခဲ့သည်ဆို၏။

ယခု ကျင်းပမည့် အော်စလို ကွန်ဖရင့်တွင် ဂျော့ဂ်ျ ဆိုးရို့စ် (George Soros) နှင့် ဒက်စမွန်တူးတူ (Desmond Tutu) အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များသည် နိုင်ငံတကာရင်းနှီးမြှုတ်နှံသူများ၊ ဥရောပ ဘုံဈေးအဖွဲ့ ၊ မြန်မာနိုင်ငံနှင့်နီးစပ်သော အစိုးရများကို မြန်မာနိုင်ငံ၏ ရိုဟင်ဂျာများအပေါ် ဖိနှိပ်ဆက် ဆံမှုအား အဆုံးသတ်စေရန် တိုက်တွန်းသွားမည်ဖြစ်သည်။ သူတို့သည် ကမ္ဘာပေါ်တွင် အဖိနှိပ်ခံရဆုံးသော လူမျိုးတစုအတွက် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများအရ မိမိဘာသာ လူမျိုးအမှတ် သညာ ဖော် ထုတ်ခွင့်၊ အခြေခံလူ့အခွင့်အရေးများ၊ လူမျိုးနှင့် နိုင်ငံ သားရပိုင်ခွင့်များ ကို ပြန် လည် ဆောင် ကျဉ်းပေးနိုင် ရန် တိုက်တွန်းသွားမည်ဖြစ်သည်။

Comment ရေးရန်

Rohingya Exodus