နောက်ဆုံးသတင်း/ဆောင်းပါးများ

လောင်းဒုံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ကြပ် တစ်ဦးက ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ ငွေ ၃ သိန်းညှစ်



MYARF
RB News
11.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ကြပ် တစ်ဦးနှင့် ရခိုင်ရွာသား တစ်ဦး တို့ပူးပေါင်း၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ဖမ်းဆီး ရိုက်နှက်ပြီး ငွေကျပ် ၃ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် မြောက်ပိုင်း လောင်းဒုံ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တပ်ကြပ် တစ်ဦးသည် ၎င်းကျေးရွာအုပ်စု စေတီပြင် ရခိုင်ရွာမှ ဇေယျာအောင် (ဘ) ဦးအောင်မြင့်နှင့် ပူးပေါင်း၍ ဧပြီလ (၉) ရက်နေ့ ည ၇ နာရီ အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု စေတီပြင်ရွာမှ ဦးဇာဖော်ရ်အာလောမ် (ဘ) ဦးမာမတ်ဟူစိန်းကို လမ်းသွားနေစဉ် အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် ၎င်းအား ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းတွင် ပါဝင်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲကာ ညလုံးပေါက် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။

၎င်းကို ရိုက်နှက် နေစဉ် နယ်ခြားစောင့် ရဲတစ်ဦးက “ငါတို့ တပ်ထဲဝင်တာ လစာရဖို့ အတွက် မဟုတ်ဘူး။ မင်းတို့ ကုလားတွေကို ဒီနိုင်ငံထဲက မောင်းထုတ်ဖို့သာ ဖြစ်တယ်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ဧပြီလ (၁၁) ရက်နေ့ နံနက် (၄) နာရီ အချိန်တွင် ၎င်းထံမှ ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နယ်ခြားစောင့် ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးဇာဖောရ်အာလောမ်၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ပြီး၊ လည်ပင်းလည်း လှုပ်မရဖြစ်နေသည့် အပြင် စကားပင် ကောင်းမွန်စွာ မပြောနိုင်တော့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ဇေယျာအောင် ဆိုသည့် ရခိုင်ရွာသားသည် လောင်းဒုံ ကျေးရွာ နယ်ခြားစောင့် ရဲကင်းစခန်းတွင် နယ်ခြားစောင့် ရဲများနှင့် အမြဲအတူ နေထိုင်ပြီး နယ်ခြားစောင့် ရဲများနှင့် ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများကို မတရား ညှဉ်းပန်း နှိပ်စက်မှုများတွင် အမြဲ ပါဝင်နေသူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus