နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမှ သင်္ကြန်မဏ္ဍာပ်များ အတွက် ရိုဟင်ဂျာ လုပ်ငန်းရှင်များ ထံမှ အလှူငွေကောက်ခံ



Rohingya Eye
RB News
14.4.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ ကျင်းပလျက်ရှိရာ သင်္ကြန် မဏ္ဍာပ်များ အတွက် ရိုဟင်ဂျာ လုပ်ငန်းများထံမှ အလှူငွေများ အတင်း အဓမ္မကောက်ခံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဧပြီလ (၁၃) ရက်နေ့မှစ၍ မောင်တောမြို့နယ်တွင် မြန်မာ့ ရိုးရာ သင်္ကြန်ပွဲ ကျင်းပလျက် ရှိရာ သင်္ကြန်ပွဲ ဆင်နွဲရန်၊ မဏ္ဍာပ်များ အတွက်ဟု ဆိုကာ မောင်တောမြို့ရှိ ရိုဟင်ဂျာ အမျိုးသားပိုင် ကုမ္ပဏီ (၁၀) ခုကျော်မှ ခရိုင် အုပ်ချုပ်ရေးမှူးရုံး မဏ္ဍာပ် အတွက်ဟု ဆိုကာ ကုမ္ပဏီ တစ်ခုစီမှ ငွေကျပ် နှစ်သိန်းစီ အတင်းအဓမ္မ ကောက်ခံခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဧပြီလ (၁၁) ရက်နေ့တွင် မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုးက ရိုဟင်ဂျာများ ပိုင်သည့် တည်းခိုရိပ်သာ (၇) ခုမှ သင်္ကြန်ပွဲအတွက်ဟု ဆိုကာ ဘီယာ တစ်ဖာစီနှင့် ရေသန့်ဘူး တစ်ဖာစီ အတင်းအဓမ္မ ယူခဲ့သလို မြို့နယ် ခရိုင်ရဲတပ်ဖွဲ့ မဏ္ဍာပ် အတွက်ဟု ဆိုကာ မြို့ပေါ် အလယ်တန်းကျောင်း ရှေ့ရှိ သစ်သား အရောင်းဆိုင်မှ သစ်များလည်း အတင်းအဓမ္မ ယူဆောင် သွားကြောင်း အဆိုပါဒေသခံက ပြောပါသည်။

လုပ်ငန်းရှင် တစ်ဦးက “နှစ်စဉ် နှစ်တိုင်း သင်္ကြန်ပွဲမှာ ကျွန်တော်တို့ အဆင်ပြေသည် ဖြစ်စေ၊ မပြေသည်ဖြစ်စေ သူတို့ တောင်းတဲ့ အတိုင်း အလှူငွေ ပေးရတယ်။ ပဋိပက္ခ ဖြစ်ပွားပြီးတဲ့ နောက်ပိုင်းမှာ လုပ်ငန်းတွေ အဆင်မပြေတော့ အခုလို အတင်းအဓမ္မ ပေးခိုင်းတဲ့ အခါကျတော့ ၀န်ထုတ် ၀န်ပိုး ဖြစ်တာပေါ့” ဟု ပြောသည်။

Comment ရေးရန်

Rohingya Exodus