နောက်ဆုံးသတင်း/ဆောင်းပါးများ

အဖြူရောင် ကတ်အပ်နှံသူ တွေကို အစိမ်းရောင် ကတ်တွေ ထုတ်ပေးမည်

လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ မေလ ၂၉ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

29.5.2015

White Card ခေါ် ယာယီ သက်သေခံ လက်မှတ် ပြန်လည် အပ်နှံခဲ့သူ တွေကို နိုင်ငံ အတွင်း နေထိုင်ခွင့် ကတ်ပြားသစ် အဖြစ် အစိမ်းရောင် ကတ်တွေ ပြန်လည် ထုတ်ပေးမှာ ဖြစ်တယ်လို့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပြည်သူ့ အင်အား ဝန်ကြီး ဦးခင်ရီက နေပြည်တော်မှာ သတင်းထောက် တွေကို ဒီနေ့ ပြောကြား လိုက်ပါတယ်။

ပန်းရောင် နိုင်ငံသားကတ် လျှောက်ထားလို့ မရခင်မှာ ယာယီ သက်သေခံ လက်မှတ် အပ်နှံသူ တွေကို အထောက် အထား တစ်ခု အဖြစ် ထုတ်ပေး သွားမှာ ဖြစ်တယ်လို့ ဝန်ကြီး ဦးခင်ရီက ပြောပါတယ်။

"ယာယီ သက်သေခံ လက်မှတ် အဲ့လူတွေကို ကျနော်တို့က ကတ်ပြား တစ်မျိုးမျိုး ပြန်ပေးရမယ်၊ ကျနော်တို့ နောက်ပြန်ပေးမဲ့ကတ်ကလည်း အစိမ်းနုရောင်လေးပါ၊ နိုင်ငံသား စိစစ်ခံရမည့်သူများ ကိုင်တွယ်ရန်လက်မှတ်ဆိုပြီး အဲ့ဒါပြန်ပေးမှာ၊ သို့သော်လည်း ကာလက ၂ လပဲရှိတယ်၊ မတ်လ ကုန်ကနေ မေလကုန်အထိ ဒီကြားထဲမှာကျရင် အခုနက ကတ်ပြားကြီးပေးဖို့ဆိုတာက ဓါတ်ပုံရိုက်ရမယ် ဟိုဟာတွေလုပ်ရမယ် မလွယ်ဘူး၊ အဲ့ဒီတော့ လောလောဆယ် လက်ခံရရှိကြောင်း ပေးထားတယ်"

ယာယီသက်သေခံလက်မှတ်ဟာ နိုင်ငံသားအတိအကျ မရှိသူတွေကို ၁၉၉၅ ခုနှစ်က စတင်ထုတ်ပေးထား တာဖြစ်ပြီး သက်တမ်းကုန်ဆုံးရက် အတိအကျမပါရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ကြောင်း အစိုးရကကြေညာခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးခင်ရီက ပြောပါတယ်။

တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ၇ သိန်းကျော်ရှိပြီး လက်ရှိအချိန်မှာ ၄ သိန်းကျော် ပြန်လည်အပ်နှံ ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအပ်နှံပြီးသား လူပုဂ္ဂိုလ်တွေကို နိုင်ငံအတွင်း နေထိုင်ခွင့်ကတ် အစိမ်းရောင် ကတ်ပြားတွေပေးအပ်ဖို့ စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Comment ရေးရန်

Rohingya Exodus